4.2

3.1K 571 7
                                    

(Unicode)

လုကျစ်ရန်က အိမ်ပြန်မလာသေးတော့ အိမ်တော်ထိန်းကြီးက သူ့ရဲ့report cardကိုအရင်မြင်ပြီးချီးကျူးလိုက်တယ် သူ့ကိုချီးကျူးလိုက်တော့
ချန်လီကောဟာ နတ်ပြည်ရောက်သွားသလို
ခံစားရတယ် သူ့ကိုယ်သူလည်း ဉာဏ်ကြီးရှင်လို့
မှတ်ယူသွားတယ်

အဲဒီလိုနဲ့ လုကျစ်ရန်လည်းပြန်လာတော့ သူ့ကို
ထပ်ချီးကျူးပြန်တယ် သူကသူ့ကိုယ်သူ
ကမ္ဘာပျက်ပေါ်မှာ မှားယွင်းစွာ မွေးဖွားလာတဲ့
ဉာဏ်ကြီးရှင်လို့ထပ်ထင်ပြန်တယ်

ချန်လီကောက မေးလိုက်တယ်
"ဖေဖေ ဖေဖေကျောင်းတက်တုန်းက အဆင့်ဘယ်လောက်ရလဲ"

လုကျစ်ရန်က ပြန်ပြောလိုက်တယ်
"ဖေဖေ ဘယ်တုန်းကမှ အလယ်တန်းမတက်ဖူးဘူး"

"အမ်"

အိမ်တော်ထိန်းကြီးက ဝင်ပြောလိုက်တယ်
"သခင်ငယ်ငယ်တုန်းက ၁၃နှစ်နဲ့ အရမ်းထူးချွန်လို့ အထက်တန်းကို ကျော်လိုက်ရတာ"

ချန်လီကော-"........."

လုကျစ်ရန်က ချန်လီကောရဲ့ ခေါင်းကိုပွတ်သပ်ပေးလိုက်ပြီး ပြောလိုက်တယ်
"ဖေဖေနဲ့ မယှဥ်ပါနဲ့ ဖေဖေက ကျောင်းသားကောင်း မဟုတ်ပါဘူး ဖေဖေကောလိပ်တောင်
မသွားနိုင်ဘူး"

ချန်လီကောက မေးလိုက်တယ်
"ဒါဆို ဖေဖေက ကောလိပ်ဝင်ခွင့်အမှတ် ဘယ်လောက်ရခဲ့လို့လဲ"

"ဝင်ခွင့်အမှတ်ထက် ၂၀လေျာ့ခဲ့လို့"

ချန်လီကော-(သေချာပြီ ငါက သူ့သားမဟုတ်ဘူး
ငါသာဆို ၂၀မပြောနဲ့ ၁၀၀တောင်မမှီလောက်ဘူး)

လုကျစ်ရန်က ထပ်ပြောလိုက်တယ်
"စာသင်တာက အရေးမကြီးပါဘူး ကျားကျားပျော်နေဖို့ပဲ အရေးကြီးတာ"

တခြားကလေးတွေသာ ဒီစကားကြားရင်
သေချာပေါက် ထိရှသွားမှာ ဒါပေမဲ့ ချန်လီကောကတော့ မပျော်နိုင်ဘူး

တစ်ညမှာ ချန်လီကောက သူနဲ့လုကျစ်ရန်ရဲ့တော်စပ်မှုကို system နဲ့ဆွေးနွေးတယ်

ချန်လီကော-ထုံအာ ငါ့IQက တကယ်ပဲ လုကျစ်ရန်ဆီကဆက်ခံတာရော ဟုတ်လား

system-မင်းရဲ့IQကအစကတည်းက ဂိတ်ဆုံးနေတာ ဘယ်သူဆီက ဆက်ခံလဲဆိုတာ အရေးမကြီးဘူး

Perfect destiny Arc4 မြန်မာဘာသာပြန်Where stories live. Discover now