4.3

3.2K 554 8
                                    

(unicode)

အိမ်တော်ထိန်းကြီးက လုကျစ်ရန်ရေချိုးဖို့
ရေပူစပ်ပေးဖို့လိုသေးလား လာမေးတော့
လုကျစ်ရန်က သက်ပြင်းချရင်း သူ့ကိုပြောလိုက်တယ်
"တစ်ခါတစ်လေကြရင် ဒီလိုလုပ်တာမှန်လားလည်း ကျွန်တော်လည်းမသိဘူး"

"သခင်ငယ်လေး ပျော်နေရင်ရပါတယ်"
အိမ်တော်ထိန်းကြီးက ပြန်ပြောလိုက်တယ်

လုကျစ်ရန်က ခေါင်းခါလိုက်ရင်း ပြောတယ်
"သူကငယ်သေးတယ် သူဘာမှနားမလည်သေးဘူး"

"ဒါပေမဲ့ လီယောင်ယောင်က အိမ်ထောင်ထပ်ပြုလို့လား"

"ဟုတ်တယ် သူအိမ်ထောင်ထပ်ပြုတော့မယ်"

လုကျစ်ရန်က ပြန်ဖြေလိုက်တယ် သူတွေးနေတာက လီယောင်ယောင်က ဉာဏ်များလွန်းတယ်
သူသာ လုကျားရှူးရဲ့ အုပ်ထိန်းခွင့်ကိုရရင်
လီယောင်ယောင် လက်လျှော့ပေးမယ်လို့
ထင်ခဲ့တာ မထင်ထားတာက သူနောက်အိမ်ထောင်ပြုလိုက်ပြီး ပိုကြီးမားတဲ့အရှုပ်ကိုလုပ်လိမ့်မယ်လို့ပေါ့

ဒီကိစ္စက သိပ်မရိုးရှင်းတော့ လုကျစ်ရန်မတွေးဘဲမနေနိုင်ဘူး

အိမ်တော်ထိန်းကြီးကတော့ ပြောတယ်
"အခုသူလည်း နောက်အိမ်ထောင်ကျနေပြီပဲ
သခင်ငယ်လေးကို ဘာအတွက် ထပ်လိုချင်ဦးမှာလဲ"

လုကျစ်ရန်က ခေါင်းကိုခါလိုက်ပြီး ဒီကိစ္စက မူမမှန်ပေမဲ့ သူသေချာမသိသေးတော့ ခန့်မှန်းရခက်နေတယ်

"သခင်"

"ဘာမှမဟုတ်တော့ပါဘူး ခင်ဗျား ရေပူသွားပြင်လိုက်ပါတော့"

အိမ်တော်ထိန်းကြီးက ခေါင်းညိမ့်ပြပြီး ထွက်သွားတယ်

လုကျစ်ရန်က ထမင်းစားခန်းထဲမှာ တွေးရင်း
အိပ်ပျော်သွားခဲ့တယ် နာရီလက်တံ၁၂ထိုးတော့
သူလန့်နိုးလာပြီး အိပ်ခန်းထဲ ပြန်သွားခဲ့တယ်

ရက်အနည်းငယ် ကြာပြီး တစ်မနက်မှာတော့
သူက ချန်လီကောကို မေးခဲ့တယ်

"ကျားကျား မေမေ့ကို တွေ့ချင်လား"

ချန်လီကောက ကိုင်ထားတဲ့ဇွန်းကို ပန်းကန်ပေါ်ချလိုက်တယ်

Perfect destiny Arc4 မြန်မာဘာသာပြန်Where stories live. Discover now