6.2

3.4K 578 10
                                    

(Unicode)
............................................................................

သေချာတာပေါ့၊ချန်လီကော ခန့်မှန်းတာ မှန်တယ်။ဘာလို့လဲဆိုတော့ လုကျစ်ရန်က အိမ်ကို
မိန်းမတစ်ယောက်ခေါ်လာကတည်းက သူ့အချိန်ပိုဆရာကို ဘေးချိတ်ထားလိုက်တယ်။
အချိန်ပိုဆရာကို ပြန်လွှတ်လိုက်တာ မြင်တော့
အိမ်တော်ထိန်းကြီးက သခင်ငယ်လေးရဲ့
အပြုအမူဘယ်လိုနေမလဲ စိုးရိမ်နေတယ်။

ချန်လီကောက သူ့ရဲ့ဇာတ်ကားကို ပျော်ရွှင်စွာ ကြည့်နေလိုက်တယ်။သူက ဇာတ်ကားကို
အချိန်ပိုကြည့်ရတော့ စိတ်ခံစားချက်ကောင်းပြီး
ထမင်းတစ်ပန်းကန်ထပ် ပိုစားမယ်လုပ်ပေမဲ့
အိမ်တော်ထိန်းကြီးက သူ့ကိုတားပြီး ပြောခဲ့တယ်။

"ကိုယ့်ကိုယ်ကိုယ် ဖိအားပေးဖို့မလိုပါဘူး၊သခင်ငယ်လေး ခံစားနေရတာ ကျွန်တော်နားလည်ပါတယ်။"

သို့သော်လည်း ချန်လီကောက သူ့လက်ကိုဆန့်ပြီး
ဆက်တောင်းနေလိုက်တယ်။

ချန်လီကော- (ဘာတွေပြောနေတာလဲ ငါတကယ်မဝသေးတာဟ)

အိမ်တော်ထိန်းကြီးက ဆက်ပြောလိုက်တယ်။

"သခင်ငယ်လေး ဝမ်းမနည်းပါနဲ့ "

ချန်လီကောက ခေါင်းကိုငုံ့ပြီး ထပ်ပြောလိုက်တယ်။

"ကျွန်တော် ဝမ်းမနည်းပါဘူး ကျွန်တော် ဗိုက်ဆာနေလို့ပါ"

အိမ်တော်ထိန်းကြီးက ခါးသက်စွာ ရယ်လိုက်ရင်း

"ကျွန်တော်က သခင်ငယ်လေးထက် လူဖြစ်လာတာကြာ...."

"ကျွန်တော်အဖေ့ကို နားလည်ပါတယ်"

အိမ်တော်ထိန်းကြီး စကားကိုဖြတ်ပြောလိုက်ပြီး
တူကိုချကာ ထွက်လာခဲ့သည်။

အဲဒီအချိန်မှာ အဲဒီမိန်းမက လုကျစ်ရဲ့အခန်းထဲက ထွက်လာမယ်လို့ ဘယ်သူထင်မှာလဲ။

သူ့ကိုယ်ပေါ်က ထွက်လာတဲ့ ရေမွှေးအနံ့က ချန်လီကောကို အသက်ရှူကျပ်အောင် လုပ်နေတယ်။

အမျိုးသမီးက သူ့ကို မြင်တော့ အရမ်းကြင်နာတတ်တဲ့ပုံစံနဲ့ နှုတ်ဆက်လိုက်တယ်။
"မင်္ဂလာပါ ငါက မင်းအဖေရဲ့ သူငယ်ချင်းပါ"

Perfect destiny Arc4 မြန်မာဘာသာပြန်Where stories live. Discover now