2.2

3.5K 620 10
                                    

(Unicode)

သူ့သား ဘာလုပ်နေလဲ ဆိုတာ လုကျစ်ရန်မသိဘူး မြင်းပေါ်က သူ့သားကို မြင်ရတာ အိပ်ငိုက်နေတဲ့ပုံပဲ ဒါကြောင့်

"ကျားကျား သားအိပ်ပျော်နေတာလား"

ချန်လီကောက တိတ်ဆိတ်နေတယ်

လုကျစ်ရန်က အနားသွားကြည့်တော့မှ
ချန်လီကောက မျက်လုံးတွေမှိတ်ထားတာတွေ့ရတော့ ပြုံးလိုက်ပြီး သူ့ကိုအိပ်ရာထဲပွေ့သွားတယ်

တကယ်တော့ ချန်လီကောက သူ့စိတ်ထဲမှာ
တစ်ချိန်လုံး systemပြတဲ့ spongebob ကြည့်နေခဲ့တာဖြစ်ပြီး သူအဲဒါကို ညစာစားချိန်ထိ ကြည့်နေခဲ့တာပါ

သူ့ကိုလုကျစ်ရန်က အိပ်ရာထဖို့ ပြောလိုက်တော့ သက်ပြင်းချလိုက်ပြီး "ငါမြန်မြန်ကြီးမှပါ"လို့
ပြောလိုက်တယ်

system-ငယ်သလို ဟန်မဆောင်တော့ဘူးပေါ့

ချန်လီကော-ဒီမှာ ကိုယ့်လူ ငါကြီးလာမှ
ငါspongebob အချိန်အကြာကြီးကြည့်ရမှာလေ

system-ဒီအရူးကတော့

ညစာက အလျှံအပယ်ပါပဲ လုကျစ်ရန်က သူ့သားကို မူလတန်းကျောင်းတက်ဖို့ ပြောလိုက်တယ်

ချန်လီကောက ကျောင်းတက်ရမယ်ကြားတော့
"ဖေဖေ သားကျောင်းမသွားချင်ဘူး"
စိတ်ရှုပ်စွာနဲ့ ပြောလိုက်တယ်

"ကျားကျားက တခြားကလေးတွေနဲ့ မကစားချင်ဘူးလား"

"မကစားချင်ဘူး"

"ေကျာင်းမှာ ကလေးတွေ အများကြီးရှိတယ်"

"ဒါပေမဲ့ ဖေဖေမှမရှိတာ"
မပျော်ရွှင်စွာနဲ့ သူ့ပန်းကန်ထဲက ပဲလုံးကို တို့ကနန်းဆိတ်ကနန်းလုပ်နေတယ်

လုကျစ်ရန်က သူ့ကလေးစကားကို ကြားတဲ့အခါမှာ ကြည်နူးမိတယ် သို့သော် သူ့သားက ပြင်ပလောကနဲ့ထိတွေ့ဖို့လိုသေးတယ်လေ
သူကပြောတယ် "ကျားကျား ဖေဖေ့စကားကို
နားထောင်ပြီး ကျောင်းသွားနော်"

ချန်လီကောက စိတ်ညစ်သွားတယ်

နှစ်တွေအကြာကြီး ပျိုးထောင်လာပြီးတဲ့နောက်
ချန်လီကောက သူငယ်ငယ်တုန်းကလို ထိလိုက်ရင်ကျိုးသွားမဲ့ ကြွေရုပ်လေးမဟုတ်တော့ဘဲ
ကျန်းမာသန်စွမ်းလာတယ်

Perfect destiny Arc4 မြန်မာဘာသာပြန်Where stories live. Discover now