5.3

3.4K 572 32
                                    

(Unicode)

လုကျစ်ရန်က ဆန်ပြုတ်ပန်းကန်ကိုကိုင်ပြီး
အမြန်ပြန်လာခဲ့တယ် သူကချန်လီကောကို ဇွန်းပေးလိုက်ပြီး ခွန့်ကျွေးမဲ့ပုံလည်း မပေါ်ဘူး

ချန်လီကောက ဇွန်းကို ယူပြီး သောက်လိုက်တယ်
ပြီးတော့ သူ့စိတ်ထဲမှာ လုကျစ်ရန်ကို တိတ်တိတ်လေး အတင်းချနေမိတယ်
(လူတွေများ ချစ်တော့လည်း ကလေးလေး sweetieလေးနဲ့ မချစ်တော့လည်း ခွံ့တောင်မကျွေးချင်တော့ဘူး တကယ်ပဲ ဒီခေတ်ယောက်ျားတွေများ)

လုကျစ်ရန်က ချန်လီကော ဘာတွေးနေလဲမသိပေမဲ့ ဆန်ပြုတ်ကို နာနာခံခံ သောက်နေတာမြင်တော့ သူ့နှလုံးသား နာကျင်ရတယ် သူကမပျော်ရွှင်စွာနဲ့ ပြောလိုက်တယ်
"မင်းနေမကောင်းရင်လည်း ဘာလို့ အစကတည်းက မပြောတာလဲ"

ချန်လီကောက ပြုံးပြလိုက်ရင်း
"ကျွန်တော်မှ မသိတာ"

လုကျစ်ရန်က မျက်မှောင်ကြုတ်လိုက်ပြီး
ချန်လီကောရဲ့မေးစေ့ကို လက်နဲ့မလိုက်တယ်
"လုကျားရှုး ငါ့ကိုအဲလိုပုံမျိုးနဲ့ မလိမ်နဲ့"

"အဖေ ကျွန်တော့်ကို မလိုချင်တော့ဘူးလား"

လုကျစ်ရန် လက်တွေတုန်လာတယ်

ချန်လီကောက ပြဇာတ်စတင်ဖို့ အချိန်ရောက်ပြီလို့တွေးလိုက်တယ် သူ့မျက်လုံးထောင့်က ရေတွေပြည့်လာပြီး နာကျင်စွာနဲ့စီးကျလာခဲ့တယ်
"အဖေ သားကို မလိုချင်တော့ဘူး ဝူးဝူး"

လုကျစ်ရန်နှလုံးသားလေးဟာ နူးညံ့လာခဲ့တယ်
ဒါပေမဲ့ သူလက်မခံနိုင်တာက သူနှစ်ပေါင်းများစွာချစ်လာခဲ့တဲ့ ဒီကလေးက သူ့သားမဟုတ်တာကိုပဲ

လုကျစ်ရန်က စိတ်ရှုပ်ထွေးစွာနဲ့ ပြောလိုက်တယ်
"လုကျားရှူး မင်းကငယ်သေးတယ် ဘာမှမသိသေးဘူး"

ချန်လီကောက ဒါတွေကို ဂရုမစိုက်ဘဲ လုကျစ်ရန်ရဲ့ ခါးကို အတင်းဖက်လိုက်ရင်း
"အဖေ သားအဖေ့ကိုချစ်တယ် အဖေ့ကိုအချစ်ဆုံးပဲ အဖေသားကို မချစ်ဘူးလား အဖေ"

လုကျစ်ရန်က ပြန်မဖြေခဲ့ဘူး သူဟာချန်လီကောရဲ့လက်တွေကို ညင်သာစွာ ဖြုတ်ချလိုက်ပြီး
"မင်းအနားယူလိုက်ဦး ငါလုပ်စရာရှိသေးလို့
အရင်သွားနှင့်မယ်"

Perfect destiny Arc4 မြန်မာဘာသာပြန်Where stories live. Discover now