8.1(ငါကလေးတစ်ယောက် မဖြစ်ချင်တော့ဘူး)

4K 579 10
                                    

(Unicode)

"ဘေဘီကောရဲ့ စွန့်စားခန်း( 8)"

လုကျစ်ရန်က သူ့ဒေါသတွေကို ချိုးနှိမ်လိုက်ပြီး
ချန်လီကော ပြောတာကို နားထောင်နေလိုက်တယ်။

ချန်းကျွင်းက သူ့ကို ဘားကိုခေါ်သွားတယ်ဆိုတဲ့စကားလည်းကြားရော လုကျစ်ရန်က ဖြတ်ပြီး
ပြောလိုက်တယ်။

"လုကျားရှူး မင်းအသက် ဘယ်လောက်ရှိပြီမိုလို့လဲ"

မျက်နှာပေါ်မှာ ကြောက်ရွံ့မှုတွေအပြည့်နဲ့

ချန်လီကောဟာ ပြောလိုက်တယ်။

"ကျွန်တော် ကျွန်တော် မရည်ရွယ်ပါဘူး"

လှပတဲ့ မျက်နှာနဲ့ ညအိပ်ဝတ်စုံဝတ်ထားတဲ့
ကောင်လေးက သူ့လည်ပင်းကို လုကျစ်ရန်ခုတ်ဖြတ်မှာ ထိုင်စောင့်နေရသလိုပါပဲ။

လုကျစ်ရန်ရဲ့ လည်ချောင်းဟာ အထက်အောက် ရွေ့လျားသွားပြီး ပြောလိုက်တယ်။

"မင်းက ဘာလို့ လိုက်သွားရတာလဲ"

"ကျွန်တော် စူးစမ်းချင်ရုံပါ"

လုကျစ်ရန်က ချန်လီကောကို ခါးကနေ ဆွဲမလိုက်တယ်။

လုကျစ်ရန်က သူ့တင်ပါးကို ရိုက်မှာ ချန်လီကော
ကြောက်နေခဲ့တယ်။

သူက လုကျစ်ရန်ရဲ့ လက်တွေကြားထဲမှာ
အော်ဟစ်လိုက်တယ်။

"မလုပ်ပါနဲ့"

ဒါပေမဲ့ သူက လုကျစ်ရန်ရဲ့ အားတွေကို မခုခံနိုင်ခဲ့ဘူး။လုကျစ်ရန်က ကုတ်အင်္ကျီကို ဆိုဖာပေါ် ချွတ်လိုက်ပြီး ဘေးနားမှာရှိတဲ့ သူ့ရဲ့ဘောင်းဘီတစ်ထည်နဲ့ ချန်လီကောရဲ့လက်တွေကို ချည်နှောင်ခဲ့တယ်။
ထို့နောက် ထုံးစံအတိုင်း ချန်လီကောရဲ့  ဘောင်းဘီကို ချွတ်ခဲ့တယ်။

ချန်လီကောက လုကျစ်ရန်ရဲ့ လက်တွေကြားက
ရုန်းထွက်ဖို့ ကြိုးစားလိုက်ရင်း အော်လိုက်တယ်။

"မဟုတ်ဘူး၊မလုပ်ပါနဲ့"

လုကျစ်ရန်က သူ့စကားတွေကို လျစ်လျူရှုလိုက်ပြီး သူ့လက်ဖဝါးကို မြှောက်ကာ စတင်ရိုက်တော့တယ်။အရင်နှစ်တွေက ရိုက်ခဲ့တဲ့အတိုင်း မတူတော့ဘဲ အားထည့်ရိုက်ခဲ့တယ်။

Perfect destiny Arc4 မြန်မာဘာသာပြန်Where stories live. Discover now