6.1(ဒါက ဝမ်းနည်းစရာ ဇာတ်လမ်းလေးပဲ)

3.5K 567 9
                                    

(Unicode)

"ဘေဘီကောရဲ့ စွန့်စားခန်း( 6)"

ချန်လီကောက သူ့အဖေအရင်းနဲ့တူမတူဆိုတာ
ဟုတ်မဟုတ် သူ့ကျောင်းစာတွေက သက်သေပြနေတယ်

သူ့ရဲ့ သရုပ်ဆောင်မှုတွေလည်း အသုံးမဝင်တော့စတင်ပြီး ဝမ်းနည်းလာတယ်

သူ့ပုံကိုကြည့်ရင်း systemက ပြောလိုက်တယ်
"မင်းခံသင့်တယ်"

ဘယ်လိုပဲဖြစ်ဖြစ် အဖေနဲ့သားဆက်ဆံရေးပဲရှိနေသေးပေမယ့် လုကျစ်ရန်က သူ့ကို စကားမပြောခဲ့ဘူး

ချန်လီကောရဲ့အတိတ်က လုကျစ်ရန်ရဲ့ ဘဝကို
နစ်နာသွားစေတယ် ဒါကြောင့် ချန်လီကောကို
လီယောင်ယောင်ဆီပြန်ပို့ပြီး သူ့ဘာသာပဲ
ပျိုးထောင်ခိုင်းမယ်တွေးသော်လည်း စိတ်ထဲက
အမည်မသိတဲ့အရာတစ်ခုက သူ့ကိုတားဆီးနေတယ် ဒါပေမဲ့ သူ တရားခံဖြစ်တဲ့ လီယောင်ယောင်ကိုတော့ အလွတ်ပေးမှာ မဟုတ်ဘူး

လီယောင်ယောင်ရဲ့ဘဝဟာ ပိုဆိုးလာတယ်
သူ့လက်ထဲမှာရှိတဲ့ကြော်ငြာတွေဟာတခြားသူလက်ထဲရောက်သွားတယ် သူကတော့ကံမကောင်းလို့ပဲ တွေးခဲ့ပေမဲ့ အဲဒီကိစ္စတွေရဲ့နောက်မှာ လုကျစ်ရန်ရှိမယ်လို့ ဘယ်သူထင်မှာလဲ

ချန်လီကောက သူ့ရဲ့ အလယ်တန်းကျောင်းသားဘဝကို ပျင်းရိစွာ ဖြတ်သန်းခဲ့ရတယ်

ဇာတ်နာရတာတွေမရှိဘဲနဲ့ကို သူ့ဘဝက အစိုဓာတ်မရတဲ့ မြက်ပင်တွေလိုမျိုး ရှိနေပြီး ခြောက်သွေ့ဖို့ပဲ ကျန်တော့တယ်

နောက်ဆုံးတော့ ယွမ်အန်းကော နိုင်ငံခြားသွားမဲ့နေ့ကရောက်လာပြီ သူ့ရဲ့ နှုတ်ဆက်ညစာစားပွဲကို
ချန်လီကောကို ဖိတ်ခဲ့တယ်

လုမိန်ချင်းက ယွမ်အန်းကော ထွက်သွားတော့
မယ်ဆိုတော့ အရမ်းငိုခဲ့တယ် သူမက မျက်လုံးဖောင်းဖောင်းတွေနဲ့ ခုံမှာထိုင်နေခဲ့တယ်

ယွမ်အန်းကောက သူ့ကို ဖျောင်းဖြနေတယ်

ချန်လီကောက သူမကိုပြောလိုက်တယ်

"မငိုနဲ့ ယွမ်အန်းကော ထွက်သွားပေမယ့် ငါဒီမှာရှိသေးတယ် ငါနင့်ကို ကာကွယ်ပါ့မယ်"

Perfect destiny Arc4 မြန်မာဘာသာပြန်Where stories live. Discover now