1.3

3.9K 588 33
                                    

(Unicode)

ချန်လီကော မနက်စာစားပြီးတော့ အိမ်တော်ထိန်းကြီးက သူ့အတွက် ကာတွန်းကားဖွင့်ပြခဲ့တယ်

ငါးနှစ်အရွယ်ကလေးတစ်ယောက် မူကြိုသွားသင့်မသွားသင့်လည်း မပြောဘူး ဒါပေမဲ့သူက
ကျန်းမာရေးမကောင်းတော့ ကြာဦးမှာပါ

အခုသူက လုမိသားစုအိမ်ကို ရောက်နေခဲ့ပြီး
လုကျစ်ရန်က သူ့ကို မတော်တဆဖြစ်ပြီးကတည်းက အပြင်ကို မထွက်စေချင်တော့ဘူး

ဒါပေမဲ့ သူကျောင်းမသွားရင်တောင် သီးသန့်ဆရာက သူ့အိမ်ကို လာသင်ရမှာဖြစ်တယ် ဒါကြောင့် လုကျစ်ရန်က ဒီနှစ်ရက်အတောအတွင်း
ဆရာကြိတ်ရှာနေခဲ့ပေမဲ့ မျက်စိကျတာ တစ်ယောက်မှ မတွေ့သေးဘူး

ဘယ်သူကမှ လုကျားရှူးကို ကြည့်မနေတဲ့အတွက် သူက ဆိုဖာပေါ်မှာပဲ TVဆက်ကြည့်နေလိုက်တယ်

တကယ်တော့ ကာတွန်းကလည်း ကြည့်လို့ကောင်းတာပါပဲ အတိတ်တုန်းက သူ့မှာကာတွန်းကားကြည့်ချင်တောင် မရခဲ့ဘူး အခုတော့
သူ စိတ်အေးအေးနဲ့ ကာတွန်းကားကြည့်လို့ရပြီ

ချန်လီကော- ဒီအပေါက်တွေပါတဲ့အဝါရောင်ဆပ်ပြာတုံးကားက ကြည့်လို့ကောင်းလား?

system-အဲဒါကို spongebob လို့ခေါ်တယ်
(သိတယ်မလား အောက်မှာကွက်ကွက်ကွင်းကွင်းမြင်အောင် ပုံချထားပေးတယ်နော်😁)

ချန်လီကော-အဲဒီတော့ ကြည့်လို့ကောင်းလား?

system-မင်းမကြည့်ဖူးဘူးလား?

ချန်လီကော-မကြည့်ဖူးဘူး

system-ဒါဆိုမင်း ကလေးဘဝတုန်းက ဘာတွေကြည့်ခဲ့တာလဲ

ချန်လီကော ခဏလောက်စဥ်းစားလိုက်ပြီးမှ
"ငါမေ့သွားပြီ"
သူတကယ်ကို မေ့သွားတာပါ

systemက စကားပြောချင်စိတ်မရှိတော့ပါဘူး

ချန်လီကော ဒီကားကို ကြည့်နေရင်းကနေ သူသိလိုက်တာက ဒီအဝါရောင် ရေမြှုပ်မှာ တကယ့်ကို
ကောင်းတဲ့ ပြပွဲတွေ ရှိတာပဲ အဲဒါက တခြား
ဆပ်ပြာတုံးပြဇာတ်ဇာတ်လမ်းတွေထက်တောင်
ကောင်းသေးတယ်

အိမ်တော်ထိန်းကြီးက သူစားဖို့စားစရာလာပေးတာတောင် စိတ်မဝင်စားခဲ့ဘူး
(ဇိမ်ကျနေတာ😆)

Perfect destiny Arc4 မြန်မာဘာသာပြန်Where stories live. Discover now