2.3

3.5K 598 28
                                    

(Unicode)

ချန်းကျွင်းကပြောတယ်
"အဆင်ပြေပါတယ် ငါပေးချင်သလိုပေးလို့ရတယ်"
အဲဒီtabletက သူ့အဒေါ်က ချန်းကျွင်းကို
နိုင်ငံခြားကနေဝယ်လာပေးတာပါ
ကလေးတွေအတွက် အရမ်းတန်ဖိုးရှိပေမဲ့
ချန်းကျွင်းမိသားစုအခြေအနေကကြီးတော့
သူပေးချင်ရင်လည်းပေးလို့ရသလို လွှင့်ပစ်ရင်လည်းရတယ်

ဒါပေမဲ့ ချန်လီကောက ဒါကိုနားမလည်ဘူး
သူ့ကို လုကျစ်ရန်ကစည်းစနစ်ကျကျ ပျိုးထောင်ခဲ့တာဖြစ်လို့ သိပ်မသိဘူး ဒီကမ္ဘာကအရင်ကမ္ဘာတွေနဲ့နည်းနည်းလေးမှမတူဘူး ဥပမာအားဖြင့်
ဒီကမ္ဘာမှာ လူတစ်ယောက်ရဲ့ပျမ်းမျှ သက်တမ်းဟာ နှစ်၂၀၀ကေျာ်တယ်ဆိုတာကိုပေါ့

ချန်လီကောက tabletကိုမယူဘဲချန်းကျွင်းဘက်ကို ပြန်တွန်းပေးလိုက်တယ် ဒါပေမဲ့ ချန်းကျွင်းကလည်း သူ့ဘက်ကိုပြန်တွန်းပေးလိုက်တယ်
ဒီလိုနဲ့tabletကို သူ့ပေးငါ့ပေးပေးနေကြတယ်
(ငါ့ပဲပေးလိုက်ကြတော့🙄)

လုကျစ်ရန်က အားကစားကွင်းကို ဝင်လာတော့
သူက ဖြစ်ရပ်တစ်ခုလုံးကိုမြင်သွားတယ်
အဲဒါကတော့ သူ့သားထက်ကြီးတဲ့ကလေးဟာ
သူ့သားကို လက်မောင်းတွေထဲမှာ ညှစ်ထားတယ်ဆိုတာကိုပေါ့

ချန်လီကောက ကလေးသေးသေးလေး တစ်ယောက်ဖြစ်တဲ့အတွက် တခြားလူကသူ့ကိုအနိုင်ကျင့်နေတာကို သူမခုခံတတ်ဘူးဖြစ်နေတယ်
ကြောက်ရွံ့နေတဲ့ရှဥ့်ပေါက်လေးလိုမျိုး
မျက်ရည်တွေအပြည့်နဲ့ကြည့်နေတယ်ပေါ့

လုကျစ်ရန်က အော်ခေါ်လိုက်တယ်
"ကျားကျား"

ချန်လီကောက သူ့ကိုခေါ်သံကြားလိုက်တော့
သူ့ခန္ဓာကိုယ်ကတောင့်တင်းသွားတယ်
သူကတိုးတိုးလေး ပြောလ်ိုက်တယ်
"ဖေဖေလာပြီ"

ချန်းကျွင်းက သူများအိမ်က ကလေးကိုခေါ်လာတာဖြစ်ပေမဲ့အပြစ်ရှိစိတ်နည်းနည်းလေးတောင်
မဝင်ဘဲ မတ်တပ်ရပ်ပြီး ပြောလိုက်တယ်
"ဦးဦး ကျွန်တော် ကျားရှူးကို ဘောလုံးကစားဖို့ခေါ်လာတာပါ"

လုကျစ်ရန်က လမ်းလျှောက်လာပြီး သူ့သားကိုမေးလိုက်တယ်
"ကျားကျား သားတကယ်ပဲ ဒီအကိုကြီးနဲ့ကစားဖို့လိုက်သွားတာလား"

Perfect destiny Arc4 မြန်မာဘာသာပြန်Where stories live. Discover now