5.1(သွေးသားမတော်စပ်ဘူး)

3.5K 581 13
                                    

(Unicode)

"ဘေဘီကောရဲ့ စွန့်စားခန်း(5)"

-------------*********************--------------

လီယောင်ယောင်နဲ့ တွေ့ဆုံလိုက်တာက လွယ်တော့မလွယ်ခဲ့ဘူး

လီယောင်ယောင်ဟာ ကြောက်သွားပြီး အဲဒီနေ့နေ့လည်မှာပဲ နိုင်ငံခြားကိုပြန်သွားပြီး လုမိသားစုကိုထပ်မဆက်သွယ်တော့ဘူး

အိမ်အပြန်လမ်းမှာ လုကျစ်ရန်က သူ့သားကိုမေးခဲ့တယ်
"မေမေက သားကို ဘာတွေပြောခဲ့လဲ"

"မေမေက သားကို သူနဲ့အတူ နိုင်ငံခြားလိုက်ခဲ့ဖို့ခေါ်နေတယ်"
ချန်လီကောက မပျော်တဲ့ပုံနဲ့ ပြောလိုက်တယ်

"အိုး ဒါဆို ကျားကျားက သွားချင်လို့လား"

ချန်လီကောက လုကျစ်ရန်ရဲ့ လက်ကိုချက်ချင်းချိတ်ပြီး ပြောလိုက်တယ်

"ကျားကျားက ဘယ်မှမသွားချင်ပါဘူး
ကျားကျားက ဖေဖေနဲ့ပဲ နေချင်တာပါ"

လုကျစ်ရန်က သူ့မျက်လုံးတွေကျဥ်းလိုက်ပြီး
ခပ်ပါးပါး ပြုံးပြလိုက်ရင်း သူ့သားခေါင်းတွေကို
ပွတ်သပ်လိုက်တယ်

ဒီကိစ္စက ဒီလိုပဲ ရှင်းရမှာလို့ ချန်လီကောက တွေးလိုက်တယ်

ချန်လီကောက လုကျစ်ရန်ကို နားမလည်ခဲ့ဘူး
သူအရွယ်ရောက်ချိန်ထိ သူဟာသူ့သားမဟုတ်တာကို သိမှာမဟုတ်ဘူးလို့ ထင်ခဲ့တယ် ဒါပေမဲ့ သူမထင်ထားတာက လီယောင်ယောင် တရုတ်ပြည်ကို ပြန်လာတာက လုကျစ်ရန်ကို သံသယဝင်သွားစေတယ်ဆိုတာပဲ

လီယောင်ယောင်လို အပျော်အပါးမက်တဲ့ မိန်းမက ဘာလို့ တရုတ်နိုင်ငံကို ပြန်လာပြီး သူ့သားရဲ့
အုပ်ထိန်းခွင့်ကို ပြန်တောင်းခံမှာလဲ

လုကျစ်ရန်ကတော့ ရိုးရိုးအမေနဲ့သားကြားက
ချစ်ခင်မှုလို့ မထင်ဘူး သူစတင်စုံစမ်းတော့မယ်

စုံစမ်းစစ်ဆေးတဲ့ ရလဒ်ထွက်မလာခင် အခုလက်ရှိ လီယောင်ယောင်ရဲ့ ခင်ပွန်းသည်ကို
လုကျစ်ရန်က သတိထားမိလိုက်တယ်

အဲဒီလူက တစ်ခုခုနဲ့တူနေတယ်လို့ခံစားရတယ်
ရလဒ်ရလာတော့ သူ့အမြင်အာရုံတွေဝေဝါးပြီး
နှလုံးသားထဲမှာ ဆူးတစ်ချောင်းနစ်ဝင်သွားသလိုခံစားရတယ် ထို့နောက် သူက ဖုန်းကိုကောက်ကိုင်ပြီး ဆေးရုံကို ဖုန်းဆက်လိုက်တယ်

Perfect destiny Arc4 မြန်မာဘာသာပြန်Where stories live. Discover now