11.3

4.1K 520 13
                                    

(Unicode)

လုကျစ်ရန်က လက်လှမ်းလိုက်ပြီး ချန်လီကောရဲ့
တွန့်နေတဲ့ မျက်ခုံးတွေကို ညင်သာစွာ ပြေလျော့ပေးလိုက်တယ်။

ချန်လီကောက တိတ်တဆိတ် ငိုရင်းနဲ့
သူ့နှုတ်ခမ်းဖျားကနေ "မလုပ်ပါနဲ့" ဟု ယောင်ယမ်းနေတယ်။

သူ့အသံကိုကြားတော့ လုကျစ်ရန်က သူနိုးလာပြီလို့ထင်လိုက်ပေမယ့် သေချာအနီးကပ်ကြည့်တော့မှ ချန်လီကောက အိပ်ပျော်နေသေးတယ်ဆိုတာ သိလိုက်တယ်။

လုကျစ်ရန်က ခါးသက်သက် ပြုံးလိုက်ရင်း
ပြောလာတယ်။

"အိပ်မက်ဆိုး မက်နေတယ်ထင်တယ်"

သေချာတာပေါ့ အိပ်မက်ထဲမှာ သူပါနေတာကိုး။

လုကျစ်ရန်က သူ့အတွက်ဖြစ်ခဲလှတဲ့ စိတ်မကောင်းခြင်းမျိုး ဖြစ်သွားတယ်။သူက
ချန်လီကောရဲ့ အိပ်နေတာကို ထပ်ပြီး
မနှောင့်ယှက်ချင်တာကြောင့် ချန်လီကောကို စောင်ခြုံပေးလိုက်ပြီး သူ့ဘေးနားလေးမှာ ဝင်ထိုင်နေခဲ့တယ်။

သူတို့ဒီတစ်ကြိမ်playတာ အချိန်ကြာသွားတဲ့အတွက်ကြောင့် ချန်လီကောဟာ တစ်နေ့လုံး
အိပ်လိုက်ရတယ်။

သူနိုးလာတော့ သူ့ခန္ဓာကိုယ်ဟာ ကြွေကျတော့မလိုတောင် ခံစားရတယ်။သူက လှုပ်တောင်မလှုပ်နိုင်ခဲ့ဘူး၊တစ်ချက်လေးလှုပ်လိုက်ရင်တောင်
ခန္ဓာကိုယ်တစ်ခုလုံး နာကျင်သလိုခံစားရတယ်။

ချန်လီကော- "အားယိုး အားယိုး ငါအရမ်းနာတာပဲ၊ကြည့်ရတာ ငါသေတော့မလိုပဲ"

systemက အေးစက်စွာ ရယ်လိုက်ရင်း
ပြောလာတယ်။

"မင်းခံစားလို့ကောင်းနေတုန်းကတော့ ဘာလို့
မနာတာလဲ"

"ငါခံစားလို့ကောင်းနေတာ မင်းဘယ်လိုလုပ်သိလဲ မင်းငါတို့ကိုခိုးကြည့်နေခဲ့တာလား"

"ငါဘာမှမမြင်ခဲ့ပါဘူး ဒါပေမဲ့ တုန်ခါနေတဲ့
မြင်းရုပ်ကြီးတော့......."

ချန်လီကောက မျက်နှာနီသွားလျက်....

"ဒါဆိုမင်းချောင်းကြည့်ခဲ့တာပဲပေါ့"

system-"........"

မနေ့က လုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအရ ချန်လီကောက လုကျစ်ရန်ကို အမြင့်ဆုံးအမှတ်၉၀မှတ်ထိပေးလိုက်ပြီး သူ့ လုပ်ဆောင်မှုတိုင်းရဲ့ ရှုထောင့်တိုင်းကို ဝေလည်းဝေဖန်ပေးနေတယ်။

Perfect destiny Arc4 မြန်မာဘာသာပြန်Where stories live. Discover now