4.1(အိမ်နီးချင်းရဲ့ကလေး)

3.4K 561 12
                                    

(unicode)

"ဘေဘီကောရဲ့ စွန့်စားခန်း(4)"

တကယ်တော့ လုကျစ်ရန်က ချန်လီကော လမ်းမှားရောက်မှာ စိတ်ပူဖို့ မလိုပါဘူး

ဘာလို့လဲဆိုတော့ systemဝေဖန်ရင်တောင်
ချန်လီကောက ဘယ်တုန်းကမှ မကောင်းခဲ့လို့ပဲ
ဒါ့အပြင် သူ့systemရဲ့စီစဥ်ပေးမှုကြောင့်
သူအခုခန္ဓာကိုယ်က ကလေးခန္ဓာကိုယ်ဖြစ်တာကြောင့် ဆိုးလည်း ချစ်စရာကောင်းနေဦးမှာပဲ

ချန်လီကောက လုကျစ်ရန်ရဲ့ ရိုက်ချက်ကြောင့်
ငိုပြီး အိပ်ပျော်သွားတယ်

နောက်နေ့မနက်မှာတော့ သူမထနိုင်တော့ဘဲ
အိပ်ရာထဲလှဲနေတယ်

လုကျစ်ရန်က သူ့ကို လာနှိုးတယ်

"ကျားကျား ထဖို့အချိန် ရောက်ပြီ"

ချန်လီကောက ညည်းညူလိုက်ပြီး မွေ့ရာထဲခေါင်းထိုးဝင်လိုက်တယ်

လုကျစ်ရန်က ဂွမ်းကပ်ကို သပ်တင်လိုက်ပြီး
ချန်လီကောရဲ့ ရုပ်ကိုတွေ့တော့ ရယ်စရာကောင်းနေတယ်
သူကပြောတယ်
"မြန်မြန်ထတော့ နေဖင်တောင်ထိုးတော့မယ်"

ချန်လီကောက ပြောလိုက်တယ်
"ဒါပေမဲ့ နာတယ် မထနိုင်ဘူး"

လုကျစ်ရန်က ဒါကိုကြားတော့ ရယ်မောလျက်ပြောလိုက်တယ်
"နာနေတုန်းလား"

"အရမ်းနာတယ် အရမ်းနာလွန်းလို့ အိပ်တောင်မအိပ်နိုင်ဘူး"

လုကျစ်ရန်က မပြုံးဘဲမနေနိုင်တော့ဘူး သူက
ကုတင်ပေါ်တက်လိုက်ပြီး ချန်လီကောကို ပွေ့လျက် ရှုပ်ပွနေတဲ့ဆံပင်တွေနဲ့အိပ်ချင်နေတဲ့မျက်နှာကိုကြည့်လျက်
"မအိပ်နိုင်ဘူး ဒါဆို ညတုန်းက ဟောက်နေတာ
ဘယ်သူများပါလိမ့်"

ချန်လီကောလည်း လုကျစ်ရန်ရဲ့လက်ထဲကနေ
ရုန်းထွက်လိုက်ပြီး စောင်ထဲပြန်တိုးဝင်လျက်ပြန်အိပ်တယ်

"ဖေဖေတကယ်ပဲ ဒီလောက်ကြီး ရိုက်လိုက်တာလား ကြည့်ပါရစေဦး" သူကပြောလိုက်ပြီး
ချန်လီကောရဲ့ ညအိပ်ဘောင်းဘီလေးကို
ချွတ်လိုက်တယ်

ချန်လီကောက လန့်သွားတယ်

လုကျစ်ရန်က ချန်လီကောရဲ့ တင်ပါးလုံးလုံးလေးတွေအဖြူအတိုင်းပဲရှိနေတာ မြင်ရတော့
"လူလိမ်လေး"လို့ ပြောလိုက်တယ်

Perfect destiny Arc4 မြန်မာဘာသာပြန်Where stories live. Discover now