6.3

3.7K 588 11
                                    

(Unicode)

ချန်လီကောက သူ့မျက်လုံးထဲကနေ မျက်ရည်တွေ စီးကျလာခဲ့တယ်။သို့ပေမဲ့ သူကစကားတစ်ခွန်းမှ မပြောတော့ဘဲ အခန်းတံခါးကိုတွန်းပြီး
အခန်းထဲဝင်ခဲ့တယ်။

လုကျစ်ရန်က ချန်လီကောရဲ့ ကျောဘက်ကိုမြင်ရတော့ စိတ်မချမ်းသာဘူး။ဒီကလေးဘယ်အချိန်ကများ အရပ်ရှည်လာခဲ့တာပါလိမ့်။သူပြုစုပျိုးထောင်နေကြကလေးနဲ့ မတူတော့ဘဲ
တဖြည်းဖြည်း သူ့နည်းသူ့ဟန်နဲ့ ကြီးထွားနေတဲ့
အပင်ငယ်တစ်ပင်နဲ့ တူလာတယ်။

လုကျစ်ရန်ရဲ့မျက်လုံးတွေက မည်းမှောင်လာပြီးနောက် အောက်ကိုချလိုက်ပြီး ညစာပဲ ဆက်စားနေလိုက်တယ်။

ဒီကိစ္စကို သူဘယ်လိုပဲ မလိုချင်ခဲ့ပေမယ့် ဒီကိစ္စကဖြစ်ပြီးသွားပြီ။သူဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ကာယအလုပ်သမားအဖြစ် ဝင်လုပ်ရင်လုပ်
မလုပ်ရင် အိမ်နဲ့နီးတဲ့ကျောင်းကိုရွေးရင်ရွေးပဲ။

ချန်လီကောကလည်း မဟုတ်မခံတဲ့ လူတစ်ယောက်ပါ၊သူက ရွေးခဲ့တယ် Bကေျာင်း.........
မဟုတ်ဘူး....... မဟုတ်ဘူး.......

ချန်လီကောကို စိတ်ပြေစေဖို့အတွက် လုကျစ်ရန်က ဒီနှစ်နွေရာသီအားလပ်ရက်မှာ သူကြိုက်တဲ့ နေရာသွားခွင့်ရှိတယ်လို့ ပြောလိုက်တယ်။

သူပါလိုက်မှာလားလို့ ချန်လီကောက မေးတော့
သူကုမ္ပဏီမှာ လုပ်စရာရှိသေးလို့ မလိုက်နိုင်ဘူး လို့ပြောခဲ့တယ်။

တကယ်တော့ ဒါတွေက ဆင်ခြေတွေပါ။လုကျစ်ရန်သာ ချန်လီကောနဲ့ လိုက်ချင်တယ်ဆိုရင်
အလုပ်တွေ ထားခဲ့လည်း ရတာပဲကို။

"ကျွန်တော် ခရီးမသွားချင်ဘူး၊အဲဒီအစား
အဲဒီက ကုန်ကျတဲ့ငွေကို ကျွန်တော့်ကိုပေးနိုင်မလား????"

လုကျစ်ရန်က ထိုစကားကို ကြားတော့ အ့ံသြသွားပြီးမေးလိုက်တယ်။

"မင်းက ပိုက်ဆံကို ဘာလုပ်မလို့လဲ"

"ကျွန်တော် စုထားမလို့ပေါ့.....မဟုတ်ရင် ကျွန်တော်အုတ်သွားသယ်နေရမှာပေါ့"

သူက နောက်ကစာသားကိုတော့ တိုးတိုးလေး
ဆက်ပြောလိုက်တယ်။

Perfect destiny Arc4 မြန်မာဘာသာပြန်Where stories live. Discover now