49.7K 2K 26
                                    

ငါညညဆိုအိပ်မပျော်တာ လွန်ခဲ့တဲ့နှစ်လလောက်ကတည်းက။

ငါ့မျက်နှာလည်းတဖြည်းဖြည်းသွယ်လာတယ်။ သွယ်ဆို ငါကဘာမှလည်းမစားချင်။ တစ်ချိန်လုံးမူးဝေနေပြီး ရင်ပဲတုန်နေတတ်တာ။ ဒါကြောင့်ငါ့ပြင်ပသွင်ပြင်ကခြောက်ကပ်ကပ်ဖြစ်လာပြီ။

ချီရှုကိုငါ့ရဲ့နံရိုးအပြိုင်းပြိုင်းထနေတဲ့ပုံကိုမမြင်စေချင်ဘူး။ ဒါကြောင့် အခုတလော ညဆိုမီးပိတ်ခိုင်းထားတတ်တယ်။
အဲ့ဒါတောင်မှ သူ မနေ့ညကငါ့ခါးကိုကိုင်ထားရင်းမေးလာတယ်။
"မင်းဘာလို့ဒီလောက်ပိန်သွားရတာလဲတဲ့''
မဆိုးပါဘူး။သူငါပိန်သွားမှန်းတော့သိသေးသားပဲ။
ငါ့ကိုယ်ငါအဲ့လိုပဲအားပေးရတယ်။အနည်းဆုံးတော့ သူငါ့ကိုဂရုစိုက်ဖော်ရသေးသားပဲဆိုပြီး။

ဒါပေမယ့်လည်း အဲ့လောက်ပါပဲ။အဲ့ဒါလေးမေးပြီးငါ့ထဲကိုအကြမ်းပတမ်းထည့်ပါလေရော။သိတဲ့အတိုင်း alphaတစ်ယောက်ရဲ့အားကအရမ်းကြောက်ဖို့ကောင်းတယ်လေ။ငါကလည်း omegaမှမဟုတ်တာ။ဒါကြောင့် ငါတို့လုပ်တဲ့အချိန်တိုင်း ငါ့အတွက်အရမ်းနာကျင်ရတယ်။

ကိစ္စပြီးသွားတော့ သူအိပ်မောကျသွားတယ်။ ငါကတော့ ငါရဲ့ခန္ဓာကိုယ်ကိုဆေးကြောဖို့ရေချိုးခန်းဆီကိုသွားရတာတောင်နံရံကိုအားပြုပြီးမှသွားရတယ်။ ဒါပေမယ့် လမ်းတစ်ဝက်မှာတင်မူးလဲပါလေရော။

ဒီလိုအကြောင်းအရင်းမရှိဘဲမူးလဲနေတတ်တာခဏခဏပဲ။
ခဏခဏမူးလဲနေကျဆိုတော့ရိုးနေပါပြီ။ ၂နာရီ ၃နာရီလောက်မူးလဲပြီးရင်ပြန်နိုးလာနေကျလေ။ မေ့လဲသွားတော့ ငါတွေးလိုက်မိတာကဆရာဝန်နဲ့ပြရတော့မှာပဲလို့။

ဒါပေမယ့် ငါဆေးရုံတွေကိုမုန်းတယ်။

လွန်ခဲ့တဲ့တစ်နှစ်ခွဲလောက်တုန်းကခွဲစိတ်မှုကြောင့် ငါတစ်ကိုယ်လုံးကိုက်ခဲနာကျင်နေတုန်းပဲ။ အဲ့တုန်းက omega glandအတုကိုထည့်ရတဲ့ခွဲစိတ်မှုလုပ်ခဲ့တာ။ဒါပေမယ့် ထည့်တဲ့omega glandကို betaဖြစ်တဲ့ငါ့ရဲ့ခန္ဓာကိုယ်ကလက်မခံဘူး။ ခန္ဓာကိုယ်ရဲ့တုန့်ပြန်မှုကြောင့် ငါ့တစ်ကိုယ်လုံးအစိတ်စိတ်အမွှာမွှာအဖြဲခံနေရတဲ့အတိုင်းပဲ။

Before My Withering[complete]Where stories live. Discover now