၁၅

10.8K 1.3K 7
                                    

ငါဆေးရုံကဆင်းတဲ့နေ့မှာ နေကတောက်တောက်ပပပဲသာနေခဲ့တယ်။ ငါသတိပြုမိလိုက်တယ်။ သြော် မကြာခင်နွေရာသီတောင်ရောက်တော့မှာပဲ။

ငါဆေးရုံတက်နေတုန်းက ပြင်ပလေထုနဲ့မထိတွေ့ခဲ့ရဘူး။ ပြင်ပနဲ့အဆက်အသွယ်ဆိုလို့ကျိုးချန်နေ့တိုင်းယူလာပေးတဲ့သတင်းစာတွေပဲရှိတာ။
ကျိုးချန်မှာထူးထူးဆန်းဆန်းအကျင့်ရှိတယ်။ သတင်းစာကစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုဖြတ်ညှပ်ပြီးNoteစာအုပ်ထဲကပ်ထားလေ့ရှိတယ်။ သူအဲ့ဒါကိုငါ့ကိုပြဖူးတယ်။

အဲ့ဒါနဲ့ ငါရယ်လိုက်မိပြီး သူ့ကိုမေးလိုက်တယ်။ အသက်ဘယ်လောက်မလို့ဒီလောက်ရှေးဆန်ရတာလဲလို့။ သူကမျက်မှောင်ကြီးကုတ်ပြီးပြန်ပြောလာတယ်။ လူတစ်ယောက်ကိုအသက်မမေးရဘူး၊အရမ်းရိုင်းတယ်ဆိုပြီးတော့ပေါ့။ နောက်တော့လည်းသူပြန်ဖြေလာတယ် ဒီနှစ်ဆို၃၁ပြည့်ပြီတဲ့။

ငါထပ်မေးလိုက်သေးတယ်။ ဆရာကဆရာဝန်ရောဟုတ်ရဲ့လား၊ အလုပ်လည်းလုပ်တာမတွေ့ဖူးဘူးဆိုပြီးတော့ပေါ့။

သူပြောလာတာက သူခွင့်တင်ထားတာတဲ့။

"မေးစရာရှိရင် တစ်ခါတည်းမေးထား''
သူက ကူရာကယ်ရာမဲ့စွာပြောလာတယ်။

ငါ့မှာမေးစရာမရှိတော့ဘူး။

နေဦး တစ်ခုကျန်သေးတယ်။

"ဆရာ ကျွန်တော့်ကိုဒီလောက်ကူညီပေးထားတာ၊ ချီရှု သူ...''

"စိတ်ချပါ''
သူကဖတ်လက်စစာအုပ်ကိုပိတ်လိုက်ပြီး အေးစက်စက်ပြောလာတယ်။
"သူ ကိုယ့်ကိုဘာမှမလုပ်နိုင်ဘူး''
 
​ဆေးရုံဆင်းတဲ့လမ်းမှာ ငါချီရှုအိမ်သွားချင်တယ်လို့သူ့ကိုပြောလိုက်တယ်။

ကျိုးချန်ငါ့ကိုစိုက်ကြည့်လာပြီး ဒရိုင်ဘာကိုလမ်းကြောင်းပြောင်းခိုင်းလိုက်တယ်။ ငါ့ကိုတော့ဘာမှထပ်မမေးဘူး။

နွေဦး​ရောက်​နေ​ပြီ​​ဖြစ်တဲ့အတွက်ကြောင့် လမ်းဘေးကအပင်တွေမှာရွက်နုတွေဝေနေတယ်။

ချီရှုက မြို့ထဲကလူချမ်းသာတွေနေတဲ့ရပ်ကွက်မှာနေတယ်။ ဆူညံသံတွေမရှိတဲ့ရပ်ကွက်မှာအိမ်ကြီးကဟီးနေတယ်။

Before My Withering[complete]Where stories live. Discover now