10.8K 1.3K 5
                                    

ချီရှုကသူ့ရဲ့ချစ်သူအသစ်လေးကြောင့် အခုတလောအရမ်းအလုပ်များနေတာလေ။ ငါ့ဖက်အာရုံသိပ်မရှိဘူး။

နည်းနည်းကြာတော့ ငါချီရှုအိမ်မှာအဲ့ဒီomegaကိုထပ်တွေ့ပြန်ပြီ။ ဒီတစ်ခါသူ့ဘာသာသူချီရှုအိမ်ကိုလိုက်လာတာ။

ချီရှုက စာကြည့်ခန်းထဲမှာရုံးကိစ္စတွေနဲ့ရှုပ်နေတာဆိုတော့ သူ့ကိုအောက်ထပ်မှာစောင့်ခိုင်းထားတယ်။ငါသူ့ကိုမတွေ့ချင်ပေမယ့် ငါ့ဆရာမကကျောင်းကိုအရေးပေါ်လာခိုင်းလို့အောက်ထပ်ကိုဆင်းလာလိုက်ရတယ်။

ငါသူ့ကိုမမြင်ချင်ယောင်ဆောင်ချင်ပေမယ့် ငါဧည့်ခန်းကနေဖြတ်သွားတော့သူကငါ့ကိုလှမ်းခေါ်တယ်။

သူငါ့နာမည်ကိုသိနေတာထူးဆန်းတယ်။

"ကိစ္စရှိလို့လား''
ငါအတတ်နိုင်ဆုံးတည်ငြိမ်စွာမေးလိုက်တယ်။

"မရှိပါဘူး''
သူကချိုသာစွာပြုံးပြပြီး
"ကျွန်တော်သိချင်တာက ခင်ဗျားဘယ်အချိန်မှာချီရှုနားကထွက်သွားမှာလဲဆိုတာ''

ဒါဘာလဲ။ သရုပ်ပြနေတာလား။ အတင်းဖိအားပေးခံနေရတာလား။

သူနန်းတော်ရုပ်သံဇာတ်လမ်းတွဲထဲရောက်နေတာတော့မဟုတ်ပါဘူးနော်။

တကယ်တော့ ငါအဲ့လိုဇာတ်လမ်းတွဲတွေကိုမကြိုက်ဘူး။ ဒါပေမယ့် အခုအဖြစ်အပျက်ကြီးကတော့နည်းနည်းရယ်စရာကောင်းနေတယ်။

"ငါထွက်သွားဖို့ကလွယ်ပါတယ်''
ငါသူ့ကိုကောင်းကောင်းပဲပြန်ပြောလိုက်တယ်။
"မင်းငါ့ကိုငွေနှစ်ဆသာပေးလိုက်။ ငါချက်ချင်းထွက်သွားပြီးမင်းကိုဘယ်တော့မှမနှောင့်ယှက်တော့ဘူးလေ''

အဲ့ဒီomegaရုပ်ကရှုံတွသွားတယ်။ အတင်းလုပ်ယူထားရတဲ့လုပ်ပြုံးတောင်မပြုံးပြနိုင်တော့ဘူး။

"မင်းကပိုက်ဆံပဲလိုချင်တာလား''
သူကမေးတယ်

"တခြားဘာလိုချင်ရဦးမလဲ''
ငါကမေးလိုက်တယ်။

ငါလိုချင်တာကသပ်သပ်ရှိပြီးသား။ ဒါပေမယ့် ချီရှုကအဲ့ဒါကိုပေးပါ့မလား။

"ရှောင်လန်''
ချီရှုအသံကနောက်ကနေအေးစက်စွာထွက်ပေါ်လာတယ်။

Before My Withering[complete]Where stories live. Discover now