၁၉

10.2K 1.3K 20
                                    

ငါကိုယ့်ကိုယ်ကိုဘယ်လိုသတ်မှတ်လဲ....

ငါကတန်ဖိုးမရှိဘူး၊ အသုံးမကျဘူး၊ ဆန်ကုန်မြေလေး၊ ပြီးတော့အားကလည်းနည်းသေး။

ချီရှုက လွန်ခဲ့တဲ့လေးနှစ်လုံးလုံးငါ့ကိုလှောင်ချိုင့်ထဲမှာထားခဲ့တာ။ ငါကလည်းသူစိတ်ကျေနပ်အောင်ပဲနေပေးခဲ့ရတာ။

အခု ငါချီရှုနားမနေရ​တော့ပေမယ့် နောက်alphaနားမှီခိုဖို့ကပ်နေရပြန်ပြီ။

အစကနေအဆုံးအထိ ငါ့မှာပေးစရာဆိုလို့ ငါ့ခန္ဓာကိုယ်ပဲရှိတယ်။ သူတို့ငါ့ဆီကအဲ့ဒါကလွဲပြီးတခြားဘာလိုချင်လဲလည်းငါမသိဘူး။

ဒါကြောင့် ကျိုးချန်ကငါ့ရဲ့ကျေးဇူးရှင်၊ ငါ့ရဲ့အကြွေးရှင်ပဲ။

ဒါ အကြွေးပြန်ဆပ်တာနဲ့ဘာမှမကွာဘူး။ အချစ်ဆိုတာရှိနေရင်တော့ တစ်မျိုးတစ်ဖုံ​ပြောင်းလဲသွားနိုင်မှာပေါ့လေ။

ဒါကြောင့် သူနဲ့ငါ့ကြားမှာလေးနက်တဲ့အရာတွေမရှိတဲ့ ရိုးစင်းတဲ့ဆက်ဆံရေးမျိုးပဲရှိနေမှရမယ်။

ငါ့ရဲ့စိတ်ကူးယဥ်ဆန်တဲ့အချစ်ဆိုတာ အသက်၁၈နှစ်တုန်းကရှိချင်ရှိခဲ့လိမ့်မယ်။ အခုငါ့အသက် ၂၂မှာ အဲ့လို​ရယူလို​ခြင်းမရှိတဲ့အကြင်နာတရားမျိုးဆိုတာ လုံးဝမရှိမှန်းသဘောပေါက်ခဲ့ပြီလေ။

ဘာမှမမျှော်လင့်ထားတာအကောင်းဆုံးပဲ။

ဒါ ချီရှုငါ့ကိုသင်ပေးခဲ့တဲ့အရာပဲ။

"ခင်ဗျားက ကျွန်တော်နဲ့ချီရှုရဲ့ဆက်ဆံရေးကိုသိပြီးတာတောင် ကျွန်တော့်ကိုကယ်ပေးခဲ့တယ်။ ကျွန်တော်ဘယ်လိုလူမျိုးလဲဆိုတာ.... ခင်ဗျားကောင်းကောင်းသိမှာပါ...''

ငါဆက်ပြောဖို့ခက်သွားတယ်။

"ခင်ဗျား အကုန်သိမှာပါ''

"ဆိုတော့ မင်းပြောကြည့် ကိုယ်ကမင်းနဲ့အိပ်ချင်တာလား ဒီအတိုင်းအလှကြည့်နေချင်တာလား။''

ကျိုးချန်ရဲ့အသံကဒေါသသံစွက်နေတယ်။ သူငါ့အပေါ်ဒေါသထွက်ဖူးတာဒါပထမဆုံးပဲ။

ဒါပေမယ့် သူဘာလို့စိတ်ဆိုးတာလဲ။ ငါဘယ်နားမှားသွားလို့လဲ။

Before My Withering[complete]Where stories live. Discover now