၂၂

9.7K 1.1K 43
                                    

ငါကော်ဖီဆိုင်ကထွက်လာတော့ ချီရှုဆီကmessageတစ်စောင်ရောက်လာတယ်။

[မင်းဆုံးဖြတ်ပြီးရင် ငါ့ဆီဖုန်းဆက်လိုက်၊ လာခေါ်မယ်] 

သူငါ့ဖုန်းနံပါတ်အသစ်ကိုတောင်ရသွားပြီ။ ဖုန်းကတစ်ဆင့်ငါ့တည်နေရာကိုလည်းသိနှင့်နေလောက်ပြီပဲ။ ဘာလို့အခုလိုလုပ်နေရတာလဲ။ သူ့အကျင့်စရိုက်အရဆို ငါ့ဆီလူလွှတ်ပြီးအတင်းလာခေါ်သွားလောက်ပြီလေ။

ငါဖုန်းကိုတင်းကြပ်စွာဆုပ်ကိုင်ထားပြီး လုံးဝစိတ်ကုန်နေခဲ့တယ်။

စုန့်ကျစ်ချန်းပြောတာက ငါ့ကိုပြန်မလာလာအောင်လုပ်ဖို့ချီရှုမှာနည်းလမ်းပေါင်းများစွာရှိပြီးသားတဲ့။ ငါတစ်ကယ်ပဲတစ်ယောက်တည်းရှိနေမှဖြစ်မယ်။မဟုတ်ရင် ငါ့ဆီမှာသူများအကြပ်ကိုင်ချင်စရာတွေတပုံတပင်ရှိနေဦးမှာ။

သေချာပေါက် ဒုတိယmessageတစ်စောင်သိပ်မကြာခင်အချိန်မှာပဲထပ်ရောက်လာပြန်တယ်။

[ငါ့ရဲ့စိတ်ရှည်သည်းခံမှုမှာ အကန့်အသတ်ရှိတယ်။ မင်းငါ့ဆီလာမတွေ့ရင်မင်းဘေးကလူတွေကိုထိခိုက်အောင်လုပ်ဖို့ငါဝန်မလေးဘူးနော်]

ငါ့ဘေးနားကလူ....ကျိုးချန်လား။

ကျိုးချန်ကသူ့ကိုအဖက်မလုပ်ပေမယ့် ချီရှုကတော့ကျိုးချန်ကိုအမြဲရန်လိုနေခဲ့တယ်။ နှစ်ဦးနှစ်ဖက်လုံးထိခိုက်ကုန်မှာငါမလိုလားဘူး။

ကျိုးချန်ကိုထိခိုက်အောင်လုပ်ခွင့်မပေးနိုင်ဘူး။

[မနက်ဖြန်မနက်အိမ်မှာမင်းကိုငါစောင့်နေမယ်]

ချီရှုနဲ့ငါ့ကြားကဆက်ဆံရေးကိုအဆုံးသတ်ဖို့မျှောင်လင့်နေခဲ့တာကြာပါပြီ။
 
ငါပြတင်းပေါက်နားမှာဆောင့်ကြောင့်လေးထိုင်ပြီးငါ့ဒူးတွေကိုဖက်ထားမိတယ်။ တောက်ပနေတဲ့ပုစွန်ဆီရောင်တိမ်တိုက်တွေကလှပစွာပြန့်ကျဲနေကြတယ်။ ကျိုးချန်ကညနေရောက်တော့ပြန်ရောက်လာတယ်။

အစတုန်းကငါထင်ခဲ့တာက စုန့်ကျစ်ချန်းအိမ်ကငါ့အိမ်လေးဆိုပြီးတော့ပေါ့။

ပြီးတော့ ရှောင်ဖေးချန်ခဲ့တဲ့တိုက်ခန်းလေးကိုငါ့အိမ်လို့ထင်ခဲ့ပြန်တယ်။ ဒါပေမယ့်မဟုတ်ခဲ့ဘူး။ အိမ်ဆိုရင်လူတွေနဲ့နွေးနွေးထွေးထွေးရှိနေရမယ်လေ။ ဒါပေမယ့် အပေါ်ကနှစ်အိမ်လုံးကငါ့အတွက်ဇရပ်လိုပဲ။ စားဖို့နဲ့အိပ်ဖို့လောက်ပဲငါသွားတာ။

Before My Withering[complete]Where stories live. Discover now