၂၇

10.3K 1.3K 17
                                    

ကားက မြို့ထဲကထွက်လာပြီးတောင်ကုန်းလေးပေါ်တက်လာတယ်။

ကားပြတင်းပေါက်ကနေမြင်နေရတဲ့ရှုမျှော်ခင်းကအရမ်းရင်းနှီးနေတယ်။ လက်တွေ့ဘဝနဲ့မတူတဲ့အိမ်မက်ကမ္ဘာငယ်လေးလိုပဲ။

ငါ့လက်တစ်ဖက်ကယုန်ရုပ်လေးကိုကိုင်ထားပြီးနောက်လက်တစ်ဖက်ကိုချီရှုက ကိုင်ထားတယ်။

သူငါ့မေးရိုးလေးကိုခပ်ဖွဖွထိလာပြီးပြောတယ်
"မင်းသိလား....ငယ်ငယ်ကတည်းကယှဥ်လိုမနိုင်တဲ့အစ်ကိုကြီးတစ်ယောက်ရှိတာဘယ်လိုခံစားချက်လဲဆိုတာ''

ဘာလို့ငါ့ကိုမေးနေတာလဲ....ငါသေချာပေါက်မသိဘူးပေါ့

သူလည်းအဖြေစကားလိုချင်လို့မေးတာမဟုတ်ခဲ့ဘူး။ သူကဆက်ပြောတယ်။
"ငါသူနဲ့အရာရာတိုင်းယှဥ်ပြိုင်တယ်။ ဒါပေမယ့် ဘယ်အရာမှာမှမနိုင်ခဲ့ဘူး။ နောက်ဆုံး ငါစီးပွားရေးကိုအောင်အောင်မြင်မြင်လုပ်တတ်သွားတော့ သူကဖုတ်ဖတ်ခါပြီးထသွားလိုက်တယ်။ ငါနဲ့ရန်မဖြစ်တော့ဘူးတဲ့''

ပြီးတော့ သူငါ့ကိုကြည့်လာပြီးနှုတ်ခမ်းမဲ့သွားတယ်။
"ဒါပေမယ့် သူစီးပွားရေးလုပ်ငန်းတွေဖက်လှည့်မကြည့်တာနှစ်ပေါင်းဒီလောက်ကြာပြီ။ အခုရုတ်တရက်ကြီး သူအဲ့လုပ်ငန်းတွေကိုစိတ်ဝင်စားလာတယ်။ မင်းခန့်မှန်းကြည့် ဘာလို့လို့ထင်လဲ''

ငါမခန့်မှန်းတတ်ဘူး....သူဘာတွေပြောနေလဲဆိုတာငါမသိဘူး။

ချီရှုဒီနေ့အရမ်းထူးဆန်းတယ်။ပုံမှန်ဆို သူ့မိသားစုအကြောင်းငါ့ကိုမပြောပြတတ်ဘူးလေ။

ငါ့အမူအရာကထုံထိုင်းနေတဲ့လူနဲ့တူလို့ထင်ပါရဲ့။ သူကခေါင်းကိုခါလိုက်ပြီး
"ဒါဆို မင်းကိုညာသွားတာ....သူကနူးညံ့ကြင်နာတတ်တဲ့လူကြီးလူကောင်းလို့မင်းထင်နေတာလား...''

သူတစ်ခုခုတွေးမိလို့ထင်တယ် ဆက်မပြောတော့ဘူး

". ...ထားပါ ငါလည်းသူများအကြောင်းပြောဖို့အခွင့်ရှိတာမှမဟုတ်တာ''

ငါတို့ကြားမှာပြန်တိတ်ဆိတ်သွားတယ်။

ထိုအခိုက် ငါ့မျက်ဝန်းထဲမှာဇာမဏီပင်အကြီးကြီးပေါ်လာတယ်။ ငါ့ရဲ့မှတ်ဉာဏ်တွေဖြည်းဖြည်းချင်းပြန်ရလာတယ်။

Before My Withering[complete]Where stories live. Discover now