၂၁

10.2K 1.2K 47
                                    

ရှောင်ယွီလေးရဲ့မိဘတွေရောက်လာကြတော့ သူမ ရေခဲမုန့်တောင်အကုန်စားပြီးသွားပြီ။ အဲ့ဒီငယ်ရွယ်တဲ့စုံတွဲလေးကသူတို့ကလေးကိုစောင့်ရှောက်ထားပေးလို့အကြိမ်ကြိမ်ကျေးဇူးတင်နေကြတယ်။

ငါတို့နှုတ်ဆက်ပြီးတာတောင် ကလေးမလေးကအရင်အတိုင်းပဲခေါ်ပြီးနှုတ်ဆက်ပြန်တယ်။
"တာ့တာ ကိုကို တာ့တာ ဦးဦး''

မိသားစုသုံးယောက်ရဲ့နောက်ကျောပုံရိပ်လေးကိုကြည့်ပြီး ငါရင်ထဲတစ်မျိုးကြီးဖြစ်လာတယ်။ ပြီးတော့ မသိလိုက်ဘဲငါ့ဗိုက်ကလေးငါပြန်စမ်းကြည့်နေမိတယ်။
    
အကယ်၍....

ထားလိုက်ပါတော့လေ။   

"မင်းက ကလေးတွေကိုသဘောကျတယ်လား''
ကျိုးချန်ကမေးတယ်။

ငါလည်းဟင်ထူးပြီးပြန်ဖြေလိုက်တယ်။
"သဘောကျတယ်''

သူဘာမှထပ်မပြောတော့ဘူး။    

ငါတို့နှစ်ယောက်လုံးသိတယ်လေ။ ငါကလေးမရနိုင်တော့တဲ့အကြောင်း။

ငါ့ဘဝရဲ ပထမဆုံးနဲ့နောက်ဆုံးသောအရာအာလုံးကိုချီရှုကိုပဲပေးခဲ့ရတယ်။ အတိတ်ကိုတော့ပြည်ဖုံးကားချပစ်လို့မရနိုင်ခဲ့ဘူးလေ။
 
ညရောက်လာတော့ ငါတို့ကစားကွင်းထဲကမီးရှူးမီးပန်းဖောက်ပွဲကို မိုးမျှော်စားသောက်ဆိုင်ကနေကြည့်ခဲ့ကြတယ်။

ထောင်ပေါင်းများစွာသောမီးပွားလေးတွေကကောင်းကင်ကနေဖြာကျလာတယ်။ နတ်သမီးပုံပြင်တွေထဲကညကောင်းကင်တွေလိုပဲ။

ငါအရင်ကကိုယ့်မျက်လုံးကိုယ်ဖုံးထားပြီး ကမ္ဘာကြီးရဲ့အလှတရားကိုမမြင်နိုင်ခဲ့ဘူး။
 
အခုတော့ ငါ့ရဲ့နွေဦးရာသီကအရမ်းပျော်စရာကောင်းခဲ့တယ်။

ကျိုးချန်နဲ့ငါ ပန်းချီပြခန်းတွေ၊ ပြတိုက်တွေ၊ တေးဂီတဖျော်ဖြေပွဲတွေအတူသွားခဲ့တယ်။ ရုပ်ရှင်တွေလည်းတူတူကြည့်ခဲ့တယ်။ နေ့လည်မှာမြို့ထဲကပန်းခြံမှာနေပူဆာလှုံပြီး ညနေရောက်တော့ ကမ်းခြေမှာလက်တွဲလမ်းလျှောက်ခဲ့ကြတယ်။

သူဒီလောက်အားလပ်ရက်ရှည်ယူထားတာဘယ်ဆေးရုံမှာလုပ်တာလဲဆိုပြီးငါမေးလိုက်တော့ သူကခပ်ဝေးဝေးကဆေးရုံအမြင့်ကြီးရဲ့ထိပ်ဖျားကိုလက်ညှိုးညွှန်ပြပြီးပြောတယ်။
"အဲ့ဒီစာလုံးZကိုတွေ့လား။ အားလုံးက ကိုယ့်နာမည်(Zhou)အောက်ကချည်းပဲလေ''

Before My Withering[complete]Where stories live. Discover now