၂၅

9.9K 1.2K 11
                                    

ချီရှုနဲ့ဝမ်းယန် ခဏကြာတော့ပြန်လာကြတယ်။ သူတို့ဘာပြောလဲငါသိချင်ပေမယ့် မမေးကြည့်မိဘူး။

ဒီလောကမှာချီရှုကိုဆူရဲတဲ့လူဆိုလို့အနည်းအကျဥ်းပဲရှိတယ်။ ဝမ်းယန်ကအဲ့ထဲကလူတစ်ယောက်။ သူတို့တွေကငယ်ငယ်လေးထဲကပေါင်းလာခဲ့ကြတော့ ချီရှုကဝမ်းယန်အပေါ်အတော်လေးသည်းညည်းခံတယ်။

အရင်က ငါတွေ့ခဲ့ဖူးတယ်လေ။ ချီရှုကဝမ်းယန်ကိုကော်ဖီဆိုင်အပြင်ဖက်မှာစောင့်ခေါ်ပြီးအိမ်လိုက်ပို့ပေးတာ။ သူတို့ကြားထဲတတိယလူဝင်ဖို့နေရာဆိုတာရှိမနေသလိုပဲ။

အခု သူတို့ကြားထဲဆက်ဆံရေးအဆင်မပြေဖြစ်နေတာတောင်မှ ကြားထဲကလူငါကဝင်ဖျန်ဖြေပေးစရာမလိုတဲ့အတိုင်းပဲ။

ငါတွေးနေတုန်း ချီရှုကငါ့ကိုရုတ်တရက်ပွေ့ချီလိုက်တယ်။

ငါလည်းသတိလက်လွတ်အပွေ့ခံလိုက်ရတာကြောင့်အော်လိုက်မိတယ်။ ပြီးတော့ မသိလိုက်ဘဲသူ့လည်တိုင်ကိုချိတ်မိသွားပြီးငါ့ပုံစံက ကိုအာလာဝက်ဝံလေးအတိုင်းပဲ။

"ဘာလို့...''

ဒီမှာဝန်ထမ်းတွေအများကြီးနဲ့လေ။ ချီရှုမရှက်ပေမယ့် ငါရှက်တယ်။

"အိမ်ပြန်မို့လေ''
သူကအေးစက်စွာပြော၏။

ဝမ်းယန်ကဘာမှမပြောဘဲ သက်ပြင်းလေးချလိုက်ပြီး
"ငါအရင်ပြန်နှင့်မယ် ရှောင်ရှောင် မင်းကိုယ်မင်းဂရုစိုက်''

ချီရှုပွေ့ထားတဲ့ပုံစံကြီးကမသက်မသာဖြစ်နေတာကြောင့် ငါသူ့ကိုအမြန်ပဲနှုတ်ဆက်လိုက်တယ်
"Bye စီနီယာ''
    
ငါတို့ပြန်ရောက်တော့ ချီရှုကအောက်ထပ်မှာထိုင်ပြီးဆေးလိပ်သောက်နေတယ်။ ဆေးလိပ်နံ့မခံနိုင်တာကြောင့်ငါအပေါ်တက်ပြီးနားချင်လာတယ်။

ငါမီးဖိုချောင်ကိုဖြတ်လာတော့အန်တီကျန်းနဲ့တွေ့တယ်။ ငါမရှိတုန်း Deliveryထုတ်တွေရထားတာကြောင့်တတိယထပ်မှာအကုန်စုထားပေးတယ်လို့ပြောလာတယ်။

 Deliveryထုတ်...ငါမှတ်မိပြီ။ ငါကလေးအင်္ကျီလေးတွေနဲ့အရုပ်တွေမှာထားတာပဲ။

". ...လွှင့်ပစ်လိုက်ပါတော့''
ငါ့ရင်ထဲကဆို့တက်လာတာကြောင့်လက်ခါပြရင်းပြောလိုက်တယ်။

Before My Withering[complete]Where stories live. Discover now