၄၁

8.8K 1.1K 15
                                    

ချီရှုဆေးရုံတက်လိုက်ရတော့ ချီမိသားစုကလုံးဝအရှုပ်အထွေးကြီးဖြစ်သွားတယ်။ ဒီရက်တွေမှာ လူနာမေးချင်ယောင်ဆောင်ပြီးအင်တာဗျူးလာမေးကြတဲ့လူတွေလည်းရှိတယ်။ သူတို့ကိုတော့ကျိုးချန်ကပေးမဝင်စေဘူးလေ။

ချီရှုမှာသာမန်အရည်အချင်းသာရှိတဲ့တစ်ဝမ်းကွဲနှစ်ယောက်လည်းရှိသေးတယ်။ သူတို့ကပြဿနာရှာဖို့ပဲသိတယ်။ ချီရှုကုမ္ပဏီမှာမရှိတာကိုအခွင့်ကောင်းယူပြီးရှာလိုက်တဲ့ပြဿနာဆိုတာ တီဗီမှာနေ့တိုင်းမြင်နေရတယ်။

ကျိုးချန်လည်းထိုင်ကြည့်မနေနိုင်တာနဲ့ချီရှုနေရာကိုသူယာယီဝင်ယူပေးပြီး အရှုပ်တွေကိုရှင်းပေးလိုက်တယ်။

ပထမတော့ ကျိုးချန်အလုပ်များလို့ငါနဲ့လာမတွေ့ဘူးပဲထင်နေတာ။နောက်မှသူငါ့ကိုတမင်ရှောင်နေမှန်းငါသိတော့တယ်။

အဲ့လိုရှောင်နေတော့ ငါ့စိတ်ထဲမကောင်းဘူး။ လူတွေက သူတို့ရပြီးတဲ့အရာတွေကိုတန်ဖိုးမထားတတ်တော့တာများလား။ သူငါ့ကိုရှောင်နေတာကိုငါကြောက်တယ်။

တစ်နေ့တော့ ငါချီရှုလူနာခန်းထဲကထွက်လာတော့ စီးကရက်နံ့မှိန်ဖျော့ဖျော့လေးရလိုက်တယ်။ ငါလည်းအနံ့လာရာအတိုင်းလျှောက်လာလိုက်တော့ညနေနေဝင်နေတဲ့ကောင်းကင်ကြီးကိုမော့ငေးရင်းလူတစ်ယောက်ကပြတင်းပေါက်နားမှာရပ်နေတာကိုငါတွေ့လိုက်ရတယ်။အဝေးကနေကြည့်တော့ သူ့လက်ကြားထဲမှာမီးရောင်လေးတစ်စတွေ့လိုက်ရတယ်။

ဒါ ကျိုးချန်ပဲ။

သူ့နောက်ကျောကအရမ်းအထီးကျန်ဆန်လိုက်တာ။ နေဝင်ရီတရောအလင်းရောင်နဲ့ဆိုတော့သူ့ရဲ့ပုံရိပ်ဝိုးတဝါးဟာပိုလို့အထီးကျန်ဆန်နေတော့တယ်။

ပြတင်းပေါက်အပြင်ဖက်မှာမိုးမခပင်အကြီးကြီးတစ်ပင်ရှိနေတယ်။ သူ့လက်တံတွေကညနေခင်းရဲ့လေပြေထဲမှာယိမ်းခါနေတယ်။ နွေညမှာပေါက်ဖွားရှင်သန်လာတဲ့နှလုံးသားတစ်ခုတုန်ခါနေသလိုပဲ။

ကျိုးချန်ပြောတော့ သူအလုပ်ရှိသေးတယ်ဆိုပြီး သူဒီနားမှာဘာလာလုပ်နေတာလဲ။

ငါလည်းသူအနောက်ကိုတိတ်တိတ်လေးသွားပြီး သူ့ခါးကိုသိုင်းဖက်လိုက်ကာ ငါမျက်နှာကိုသူ့ကျောပြင်ကျယ်ကျယ်မှာအပ်ထားမိတယ်။

Before My Withering[complete]Where stories live. Discover now