၂၀

10.6K 1.3K 43
                                    

နောက်တစ်ရက်ရောက်မှပဲ ငါသေသေချာချာကြီးသိလိုက်ရတော့တယ်။.alphaတစ်ယောက်ရဲ့အထိမခံဖြစ်တဲ့ကာလဆိုတာဘယ်လိုမှန်း။
  
ကျိုးချန်ကသူ့အနားကပ်လာတဲ့လူမှန်သမျှကိုငြင်းလွှတ်နေတယ်။ ထိန်းချုပ်ဆေးထိုးပြီးမှ ပိုဆိုးလာသလိုပဲ။ ဒေါသထွက်ဟိန်းဟောက်နေတဲ့ခြင်္သေ့တစ်ကောင်လိုပဲ။

တစ်ချိန်တည်းမှာပဲ ငါ့ကိုသူ့မျက်စိအောက်ကအပျောက်မခံတော့ဘူး။ ငါကသူ့ကိုယ်ပိုင်လူခေါင်းအုံးလေးလိုပဲ။

သူ့ငါ့ကိုဖက်လိုက်ရင် ငါ့ဂုတ်သားပေါ်ကိုအမှတ်အသားပေးကိုက်လိုက်မယ်လို့ငါထင်ခဲ့ပေမယ့် သူကမကိုက်ခဲ့ဘူး။ နှာခေါင်းထိပ်ဖျားလေးနဲ့ပဲအသာအယာပွတ်တာလောက်ပဲသူလုပ်တတ်တာ။

အခုလိုဆက်ဆံရေးမျိုးက ငါ့ကိုခေါင်းတော်တော်ရှုပ်စေတယ်။

ငါတို့က လူနာနဲ့ဆရာဝန်ဆက်ဆံရေးမျိုးလည်းမဟုတ်သလို၊ သူငယ်ချင်းတွေလည်းမဟုတ်ကြဘူးလေ။ အဲ့လိုဆိုပြီး ကျေးဇူးရှင်နဲ့အကြွေးသမားလေးဆက်ဆံရေးမျိုးလားဆိုတော့လည်းမဟုတ်ပြန်ဘူး။    

ငါတို့ကချစ်သူတွေလည်းမဟုတ်ပြန်ဘူး။ ချစ်သူတွေဆိုဖက်တာလောက်နဲ့ဘယ်ပြီးမလဲလေ။

ဒါပေမယ့်လည်း သူနဲ့ဆက်ဆံရေးကြောင့်ငါစိတ်အနှောင့်အယှက်မဖြစ်ရဘူး။ ပြီးတော့သူငါ့ကိုလိုအပ်တာကရိုးရိုးလေးပဲ။ ငါကငါမို့လို့ပဲတဲ့လေ။

ငါcelloကိုကျိုးချန်အခန်းထဲယူသွားပြီး Jacqueline's Tears ကိုတီးခတ်ပြလိုက်တယ်။ အဲ့ဒါနားထောင်ပြီး သူငါ့ကိုပြောလာတာက ဂီတမှာအရမ်းစိတ်နှစ်ထားလွန်းလို့ သူကငါ့ကိိုသာမန်ပဲစိတ်နှစ်စေချင်တယ်တဲ့။

"မင်းကအရမ်းငယ်သေးပါတယ်။ အရမ်းအလုပ်ထဲစိတ်မနှစ်နဲ့''

ငါသူ့ကိုမပြောခဲ့ရတာက ငါ့အတိတ်ကအရမ်းကြမ်းတမ်းခဲ့တာလေ။ ပြီးတော့ မူလသီချင်းကလည်းအဆွေးသီချင်းရယ်။

သူမျက်မှောင်ကုတ်ပြီးငါ့ဂျိုစောင်းကအမာရွတ်လေးကို ဖွဖွလေးထိလာတယ်။ အရမ်းညင်သာလွန်းလို့ပန်းကိုနမ်းသွားတဲ့လိပ်ပြာလေးလိုပဲ။

Before My Withering[complete]Where stories live. Discover now