၁၄

10.5K 1.2K 4
                                    

ချီရှုနဲ့ငါ့မှာလည်း အချိန်ကောင်းလေးတွေရှိခဲ့ဖူးပါတယ်။

အရင်က သူဒီလောက်စိတ်မဆတ်ဘူးလေ။ အခုလည်းစိတ်တိုလွယ်ပေမယ့် ငါ့အပေါ်ကောင်းတဲ့အချိန်လေးတွေတော့ရှိပါတယ်။

ငါတို့အတူပွေ့ဖက်​ကြတယ်။ ညပေါင်းများစွာကိုယ်ခန္ဓာချင်းစပ်ယှက်ကြတယ်။ တခြားချစ်သူတွေလုပ်သမျှအကုန်လုပ်ကြပါတယ်။ တစ်ခုပဲ ချိုချိုသာသာချစ်စကားတွေဖလှယ်ကြတာမျိုးတော့မလုပ်ကြဘူး။

ပထမဆုံးအကြိမ်သူငါ့ကိုထိခိုက်အောင်လုပ်တာလွန်ခဲ့တဲ့နှစ်နှစ်က။ သေသေချာချာလေးစိတ်ထားတဲ့အသီးပန်းကန်ရဲ့ဘယ်နေရာကသူ့ကိုစိတ်တိုစေမှန်းငါနားမလည်ခဲ့ဘူး။ အသီးပန်းကန်ကိုသူပစ်ချခွဲလိုက်ပြီးငါ့ကိုဆောင့်တွန်းလိုက်တယ်။ ကြမ်းပေါ်ကဖန်ကွဲစတွေကငါ့အသားထဲစိုက်ဝင်လာပြီးသွေးတွေဖြာခနဲထွက်လာတယ်။ သွေးရနံ့ရလာတာနဲ့သူငါ့အဝတ်တွေပါဖြဲချပစ်တယ်။

ငါ့အသားထဲစိုက်ဝင်နေတဲ့ဖန်စကြောင့် ဆရာဝန်ခေါ်လိုက်ရတယ်။ ငါအရမ်းနာနေပေမယ့် မငိုနိုင်ခဲ့ဘူး။ သူကတော့ဘေးကနေအေးစက်စက်ကြည့်နေခဲ့တယ်။

အဲ့ဒီဖြစ်ရပ်ပြီးတော့ သူ့ကြည့်ရတာကသွေးနံ့ကိုပိုစွဲလန်းလာပြီး ငါ့ကိုနှိပ်စက်ရတာကိုလည်းပိုပျော်လာသလိုပဲ။

ငါအရင်ကအသားနာရမှာအရမ်းကြောက်ပေမယ့် အခုဆိုသူညှင်းပန်းနှိပ်စက်တာကိုအသံတစ်ချက်မထွက်ဘဲသည်းခံနေနိုင်ပြီလေ။

လူတွေကတကယ့်ကိုစျေးပေါတာပဲနော်။

ကျိုးချန်ကငါ့အတွက်ခွဲစိတ်ဖို့အမြန်ပဲပြင်ဆင်ပေးခဲ့တယ်။ ခွဲစိတ်ခန်းထဲမဝင်ခင် သူငါ့ကိုအဖြူရောင်နှင်းဆီပန်းစည်းအကြီးကြီးတစ်ခုလက်ဆောင်ပေးပြီးပြောတယ်။
"မင်းသိလား။ ကဗျာဆရာတစ်ယောက်ပြောဖူးတယ်။ နှင်းဆီဆိုတာနှင်းဆီပဲ။မွှေးရနံရှိမရှိကအရေးမကြီးပါဘူး..တဲ့''

မေးခွန်းတစ်ခုကင့ါခေါင်းထဲပေါ်လာတာကြာပြီ။အခုတော့မေးကြည့်လိုက်တယ်။
"ဘာလို့ကျွန်တော့်ကိုကူညီနေတာလဲဟင်''

ဒီရက်ပိုင်း ကျိုးချန်ကငါ့ကိုနေ့တိုင်းဆေးရုံမှာအဖော်လုပ်ပေးတယ်။ ပြောဂမယ်ဆို ငါကသူ့လူနာလည်းမဟုတ်ဘူးလေ။ဒါကြောင့် အခုလိုတွေမလုပ်ပေးလည်းရတယ်။

Before My Withering[complete]Where stories live. Discover now