၃၉

8.3K 1K 57
                                    

ပြောပြီးတော့ ဝမ်းဇီချင်းကထွက်သွားရော။ သူဒါရိုက်တာလုပ် ရိုက်ကူးထားတဲ့အစီအစဥ်ကိုသူချောင်မှာကပ်ပြီးတိတ်တိတ်လေးစောင့်ကြည့်မလို့ဖြစ်လိမ့်မယ်။

ဒါပေမယ့် ငါသူရေးတဲ့ပြဇာတ်မှာဝင်မကပေးချင်ဘူး။

မြေကြီးပေါ်မှာအုတ်ခဲကျိုးတွေပြန့်ကျဲနေတယ်။ ငါလည်းတြိဂံပုံအုတ်နီခဲအကျိုးကိုကောက်ပြီးငါ့လက်ကိုချည်ထားတဲ့ကြိုးတွေကိုတိတ်တိတ်လေးဖြတ်နေလိုက်တယ်။

ငါ့မှာအားလည်းမရှိတော့ဘူး။ အဲ့ဒါကြောင့်ငါ့လှုပ်ရှားမှုတွေ၊ ကြိုးဖြတ်နေတာတွေကကောင်းကောင်းအဆင်မပြေနေဘူး။ ငါ့ကိုဒီကထွက်သွားဖို့တွန်းအားတစ်ခုကြောင့်သာငါကြိုးကိုမရမကဖြတ်နေတာ။

ကျိုးချန်လာကယ်မှာကိုငြိမ်ထိုင်ပြီးစောင့်နေလို့မရဘူးလေ။

အချိန်တော်တော်ကြာလာတော့ ငါတစ်ကိုယ်လုံးကိုက်ခဲလာတယ်။ ခေါင်းတွေကလည်းမူးဝေလာတယ်။ လေတိုက်နေပေမယ့်လည်း ငါ့တစ်ကိုယ်လုံးကချွေးတွေနဲ့စေးကပ်နေတယ်။

ငါအဖျားတက်လာပြီထင်တယ်။ ဒီလိုသာဆက်သွားရင် ငါတော့ကြာကြာမတောင့်ခံနိုင်လောက်တော့ဘူး။

မူးဝေနေတုန်း ထူးဆန်းတဲ့အနံ့ကြီးတစ်ခုကငါ့နှာခေါင်ထဲတိုးဝင်လာတယ်။ အနံ့ကပိုပိုသိပ်သည်းလာလို့ ငါသေချာရှူကြည့်မိတော့ဓာတ်ဆီနံ့​ကြီး။

ဝမ်းဇီချင်းဘာလုပ်မလို့လဲ။ သူရူးနေပြီ။ ငါ့ကျောရိုးတစ်လျှောက်ပျံ့နှံ့လာတဲ့အကြောက်တရားကြောင့်ငါ့လက်တွေပါချွေးတွေစို့လာရတယ်။

ငါယူထားတဲ့အုတ်ခဲကျိုးကြောင့်ငါလက်တွေပြတ်ရှကုန်တယ်။ ဒါပေမယ့်လည်း လွတ်မြောက်လိုစိတ်ကြောင့် နာကျင်မှုကထုံထိုင်းနေခဲ့တယ်။ ငါ့စိတ်အာရုံအားလုံးကအဲ့ဒီကြိုးပြတ်ဖို့အပေါ်မှာပဲလုံးလုံးလျားလျားရှိနေတော့တယ်။

နောက်ဆုံးတော့ အချိန်တစ်ခုရောက်တော့ ကြိုးပြတ်သွားတယ်။

ငါလည်းစောင့်ဖို့အချိန်မရှိတော့ဘူး။ ကြိုးပြတ်သွားတာနဲ့ ငါမြေကြီးပေါ်က ကုန်းရုန်းပြီးထလိုက်တယ်။ ဒါပေမယ့်လည်းချည်ထားတာအရမ်းကြာတာကြောင့် သွေးလှည့်ပတ်မှုကမကောင်းဘူး။ ခြေလှမ်းနှစ်လှမ်းလောက်လှမ်းလိုက်တာနဲ့ငါလဲကျပါလေရော။

Before My Withering[complete]Where stories live. Discover now