၃၄

8.3K 1.1K 69
                                    

ဒီနေ့ကငါ့မွေးနေ့ဖြစ်တာကြောင့်နေ့လည်စာစားတော့ ဝိုင်ခွက်တစ်ဝက်လောက်သောက်ခွင့်ရတယ်။

ငါ့ရဲ့သောက်နိုင်စွမ်းကအရမ်းနိမ့်တာကြောင့် ဝိုင်ခွက်တစ်ဝက်နဲ့တင်မူးနေပြီ။ ငါလည်းထပ်သောက်မိရင်ဒုက္ခရောက်မစိုးလို့ စားပြီးတာနဲ့အိပ်ရာထဲဝင်အိပ်နေလိုက်တယ်။

ငါခပ်ရေးရေးမှတ်မိနေတာက ငါမူးရူးနေပြီး ကျိုးချန်ရဲ့ဂုတ်ပိုးနားသွားကပ်ပြီး အနံ့ခံရင်းပြောခဲ့တယ်။
"ဒီဝိုင်ရဲ့အနံ့ကဆရာ့ရဲ့ကိုယ်သင်းနံ့(ဝိုင်ရနံ့) လောက်မချိုဘူးရယ်''

ဒါပေါ့ ငါမူးရူးနေတော့ ရှက်တာတွေဘာညာလည်းမရှိတော့ဘူးလေ။

ငါနိုးလာတော့ ညနေတောင်စောင်းနေပြီ။ အိမ်ကတော့ဆူညံနေတုန်းပဲ။ ကျိုးချန်ကနေဝင်ဆည်းဆာရောင်အောက်မှာထိုင်ရင်းစာဖတ်နေတယ်။

တစ်ခန်းလုံးမှာမီးအိမ်ငယ်လေးတစ်လုံးသာထွန်းထားတာကြောင့် ငါနိုးလာတော့မှိန်ပျပျမီးရောင်သာရှိနေတယ်။ ကျိုးချန်ပေါ်ဆည်းဆာရောင်ကကျနေတော့အရိပ်ကလေးဖြစ်နေတာအရမ်းကြည့်ကောင်းတယ်။

ငါလည်းကျိုးချန်ရဲ့ပုံစံကကြည့်ကောင်းတာကြောင့် ကုတင်ပေါ်ထိုင်ပြီးတိတ်တိတ်လေးငေးကြည့်နေခဲ့တယ်။

 "နိုးလာပြီလား''
သူငါ့ကိုကြည့်ပြီးဖတ်လက်စစာအုပ်ကိုအောက်ချလိုက်တယ်။ ပြီးတော့ သံပုရာရေတစ်ခွက်ယူပြီး
"ဒါလေးသောက်လိုက် သက်သာရဲ့လား''

"ရိပ်တိတ်တိတ်နဲ့''
ငါပြန်ဖြေလိုက်တယ်။

 သူကသက်ပြင်းချပြီး
"မင်းရဲ့သောက်နိုင်စွမ်းကဒီလောက်နိမ့်နေမယ်လို့မထင်ဘူး။''
ငါလည်းမျက်နှာပူလာပြီး နေ့ခင်းကငါမူးမူးနဲ့လျှောက်လုပ်ခဲ့တာလို့အကြောင်းပြချက်ပေးလိုက်တယ်။

 သူ မယုံတဲ့ပုံစံဖြစ်နေတော့ငါထပ်ပြောလိုက်တယ်။
"တကယ်ပါ ချီရှုဆိုကျွန်တော့်ကို သူအပြင်သွားတိုင်းဘယ်တော့မှမခေါ်သွားဘူး''

"ကိုယ်သိပါတယ် ကိုယ်က အဲ့လိုသဘောနဲ့မဟုတ်ဘူး''
သူငါ့ရေခွက်ကိုပြန်ယူပြီးပြောတယ်။
"လူငယ်တွေဆိုတော့ အသောက်အစားဖက်ဝါသနာထုံမယ်ထင်နေလို့ပါ''

Before My Withering[complete]Where stories live. Discover now