၃၅

8.4K 1.1K 4
                                    

 ငါသူ့ကိုတွန်းလွှတ်လိုက်တယ်။

 ငါအချစ်မခံရဖူးဘူး။ ငါကြောက်တယ်။

 ငါ့ရဲ့ပုံစံကမျက်ရည်တွေစီးကျပြီးစိတ်ပျက်ဖို့ကောင်းနေတယ်။ရှက်ဖို့လည်းကောင်းနေတယ်။

အခုလိုပုံစံကြီးကို....သူဘယ်လိုချစ်နိုင်ရတာလဲ။

လောကကြီးထဲမှာ အချစ်ခံရဖို့ထိုက်တန်တဲ့၊လှပတဲ့အရာတွေအများကြီးရှိတာပါ။ ငါကလွဲပြီးတော့ပေါ့။

"ကျွန်တော်တောင်းပန်ပါတယ်''
ငါကပြောလိုက်တယ်။

ကျွန်တော်ကအရမ်းညစ်ထေးနေတဲ့အတွက်တောင်းပန်ပါတယ်။

သူခဏလောက်ရပ်တန့်သွားပြီး ဖျော့တော့စွာပြုံးလိုက်ကာ
"အခုထိ....''
အခန်းထဲမှာဝိုင်ရနံ့တွေပဲပြည့်နေတော့ ငါသဘောပေါက်လိုက်တယ်။ သူ ဒီနေ့မူးနေတာဖြစ်မယ်။ လူတွေကမူးနေတဲ့အချိန်ပဲအဓိပ္ပါယ်မရှိ၊တောင်စဥ်ရေမရတွေပြောတတ်ကြတာလေ။

"ခင်ဗျား...ခင်ဗျား စောစောပြန်နားလိုက်ပါ..ကျွန်တော်လည်းပင်ပန်းနေလို့''

သူငါ့ကိုအကြာကြီးစိုက်ကြည့်နေပြီးမှပြန်ဖြေလာတယ်။
"အိုကေ''

ငါအိပ်မပျော်မှာစိုးရိမ်တာကြောင့် မအိပ်ခင်အိပ်ဆေးသောက်အိပ်လိုက်တယ်။

အိပ်မပျော်ရင်ငါ့နှလုံးအတွက်မကောင်းဘူး။ ကျိုးချန်စိတ်ပူလိမ့်မယ်။

နောက်တစ်နေ့မနက်သူလာတော့ ငါအိပ်ရာကနိုးနေပြီ။ ဒါပေမယ့် ငါပြန်ခွေနေပြီးအိပ်ချင်ယောင်ဆောင်နေလိုက်တယ်။

ငါအိပ်ချင်ယောင်ဆောင်နေတာသူလည်းရိပ်မိမှာပဲ။ဒါပေမယ့် သူမပြောဘူး။ ကုတင်ဘေးနားထိုင်လိုက်ပြီးငါ့ဆံပင်တွေကိုထိလာတယ်။
"Colonge(ဂျာမနီကမြို့နာမည်)ကစမ်းသပ်ခန်းမှာပြဿနာတက်နေလို့''

ရုတ်တရက်ကြီး အလုပ်ကိစ္စနဲ့ခရီးထွက်မလို့တဲ့လား။

"မင်းဆေးကိုအချိန်မှန်သောက်နော်။ အပြင်ထွက်ရင်လည်းအိမ်ကDriverခေါ်သွား။ ပြီးတော့ ညမှောင်တဲ့အထိအပြင်မှာမနေနဲ့''
သူငါ့ကိုနူးနူးညံ့ညံ့နဲ့မှာနေတာ မနေ့ကဘာမှမဖြစ်ခဲ့တဲ့အတိုင်းပဲ။

Before My Withering[complete]Where stories live. Discover now