11.1K 1.4K 28
                                    


ငါစကားတွေအများကြီးပြောမိသွားတာကိုယ့်ဘာကိုယ်တောင်သတိမထားမိလိုက်ဘူး။

ဒေါက်တာကျိုးကငါ့ကိုလက်ဖက်ရည်ထပ်ထည့်​ပေးတော့မှပဲ နောက်ကျနေပြီဆိုတာသတိပြုမိတယ်။

"ဆောရီးပါ ဆရာ....''
ငါတိုင်ကပ်နာရီကိုတစ်ချက်ကြည့်လိုက်မိပြီးမှစကားတွေအများကြီးပြောမိလို့မျက်နှာတွေထူပူလာတယ်။
"ဆရာ့အချိန်တွေအများကြီးယူမိသွားပြီ''

"ရပါတယ်ဗျာ''
ဒေါက်တာကျိုးကခုနကအတိုင်းပဲတည်တည်ငြိမ်ငြိမ်နဲ့။

နှစ်နာရီလောက်ကြာသွားတာတောင်ပုံစံမပျက်ဘူး။ အဝတ်တွေသပ်သပ်ရပ်ရပ်နဲ့ထိုင်နေတုန်းပဲ။

"မင်းဘာသာဖွင့်ပြောပြလာတာကောင်းတယ်လေ။ ကိုယ်ဝန်ဆောင်ချိန်မှာစိတ်ကျတတ်တယ်။ အဲ့ဒါ တရားရှုမှတ်တာလေးဖြစ်ဖြစ်လုပ်ကြည့်ပါလား။ ဒါဆို စိတ်နည်းနည်းအေးတာပေါ့''

"ဆရာ ဘယ်လိုသိ....''

ငါကိုယ်ဝန်အကြောင်းမပြောပြမိသလိုပဲ။

ဒေါက်တာကျိုးကနားလည်ရခက်တဲ့အပြုံးလေးပြုံးပြပြီး
"ကိုယ်ကဆရာဝန်လေ''

သူဒါကိုပြောနေတဲ့အချိန်မှာအရမ်းနွေးထွေးတယ်လို့ခံစားလိုက်ရတယ်။ ရုတ်တရက်ကြီး ငါနဲ့အရမ်းရင်းနှီးသွားသလိုပဲ။

ငါမတွေးဘဲဆက်ပြောလိုက်မိတယ်
"နောက်လည်း ခင်ဗျားနဲ့စကားပြောလို့ရနိုင်မလားဟင်....''

ငါမေးပြီးမှရှက်သွားတယ်။ မထင်မှတ်ပဲ ဒေါက်တာကျိုးကပြန်ဖြေလာခဲ့တယ်။
"ရတာပေါ့''

သူငါ့ကိုလုပ်ငန်းကဒ်လေးပေးလာတယ်။ ခပ်ထူထူမာမာကဒ်ပြားလေးပေါ်မှာသူ့နာမည်နဲ့ဖုန်းနံပါတ်ထွင်းထားတယ်။

ကျိုးချန်

ငါအသံတိတ်သူ့နာမည်ကိုဖတ်ကြည့်ရင်း လုပ်ငန်းကဒ်လေးကိုသေချာထည့်ပြီးဆရာ့ကိုနှုတ်ဆက်လိုက်တယ်။

ငါဆေးရုံထဲကထွက်လာတော့ နေ့လည်စာစားချိန်တောင်ရောက်နေပြီဆိုတာသတိပြုမိလိုက်တယ်။ ဆရာကျိုးကိုနေ့လည်စာစားဖို့ဖိတ်ဦးမလို့ပဲ။ ထားပါတော့လေ ငါတစ်မနက်လုံးသူ့ကိုဒုက္ခပေးပြီးပြီပဲဟာ ဒီတိုင်းပဲသွားလိုက်ပါတော့မယ်။

Before My Withering[complete]Where stories live. Discover now