၂၆

10.2K 1.2K 66
                                    

ငါglandရှိတုန်းကအနှိပ်စက်ခံနေရတဲ့အချိန်ကိုပြန်ရောက်သွားသလိုပဲ။   

အိပ်မပျော်တော့ဘူး။ ရင်တွေတုန်တယ်။ ပျို့အန်တယ်။ ခဏခဏမူးလဲလာတယ်။

ငါ့စိတ်တွေကတွေးလိုက်တိုင်း၊ အရင်လတွေတုန်းကဖြစ်ခဲ့တာတွေကအိမ်မက်မက်ခဲ့တဲ့အတိုင်းပဲ။ဝမ်းဇစ်ချင်း၊ကျိုးချန်နဲ့ဝမ်းယန်တို့သာမရှိခဲ့ရင် အရင်လိုပဲနိုးလာတာနဲ့ကျောင်းသွား၊ ရွှီရှင်းကျယ်နဲ့ညစာစား၊ ပြီးရင်ချီရှုပြန်လာတာကိုစောင့်နေ၊အဲ့လိုလေးပဲဖြစ်နေမှာ။

ဒါပေမယ့် ငါ့အိမ်မက်ထဲမှာ နှင်းဆီခြံလေးကတစ်ခါတလေပေါ်ပေါ်လာတတ်တယ်။ နေရောင်အောက်မှာ ကောင်လေးတစ်ယောက်ကcelloကိုတီးပြဖျော်ဖြေနေပြီး နောက်ကောင်လေးတစ်ယောက်ကနှင်းဆီခြံထဲကပန်းတွေကိုကတ်ကြေးနဲ့တိတိပပလိုက်ဖြတ်နေတယ်။ ဒါဥယျာဥ်သမားတစ်ယောက်ရဲ့အလုပ်ဖြစ်ပေမယ့် ထိုသူရဲ့ပုံစံလေးကအမှန်တကယ်ကို အနုပညာဖန်တီး နေတဲ့လူတစ်ဦးရဲ့နူးညံကျက်သ​ရေတင့်မှုတွေပေါ်လွင်နေတယ်။

ငါသူတို့မျက်နှာတွေမတွေ့ရပေမယ့် အသေအချာပြောနိုင်တာတစ်ခုကသူတို့အဲ့တုန်းကငြိမ်းငြိမ်းချမ်းချမ်းနဲ့ပျော်ရွှင်နေကြတယ်။

ငါမျက်လုံးတွေဖွင့်လိုက်တော့ တခြားသူတစ်ယောက်ကိုတွေ့လိုက်ရတယ်။

တစ်ခါတလေ ငါအဲ့ဒီလူကိုမှတ်မိတယ်။ တစ်ခါတလေကျတော့လည်းငါမမှတ်မိနေဘူး။

ငါသူ့ကိုမှတ်မိလာရင် ငိုယိုပြီးငါ့ကိုလွှတ်ပေးပါလို့တောင်းပန်မိတယ်။ ပြီးတော့ ထွက်ပြေးဖို့လည်းအကြိမ်ကြိမ်ကြိုးစားမိတယ်။

ငါသူ့ကိုမမှတ်မိတဲ့အချိန်ဆိုရင်တော့ ငါသူ့ကိုဆည်းဆာလမ်းထဲကအိမ်ကလေးကိုသိလာလို့မေးမိတယ်။ ပြီးတော့ အဲ့မှာနူးညံ့တဲ့လူတစ်ယောက်ငါ့ကိုစောင့်နေမှာ၊ အဲ့ကိုပြန်ပို့ပေးပါလို့ငါတောင်းပန်မိတယ်။

အဲ့ဒီလူကငါ့ကိုမေးလာတယ်။ နူးညံ့တဲ့လူကဘယ်သူလဲဆိုပြီး။

ငါလည်းခေါင်းကိုအရူးလိုခါရမ်းပြီးမမှတ်မိဘူးလို့ပြောလိုက်တယ်။

Before My Withering[complete]Where stories live. Discover now