10.4K 1.2K 24
                                    

ငါချီရှုဆီဖုန်း​ခေါ်ဖို့စဥ်းစားကြည့်သေးတယ်။ ဒါပေမယ့် မဆက်ရဲဘူး။ messageတွေပဲပို့လိုက်တယ်။

【စီနီယာ】   

【ကျွန်တော်တောင်းပန်ပါတယ်】 

【ကျွန်တော်ပြန်လာလို့ရမလား】 

သူဒီတစ်ခါတော့စာပြန်တာမြန်တယ်။: 【ပြန်လာလေ】

သူပြန်ပို့လာတဲ့​အေးစက်စက်စာတိုလေးကိုကြည့်ပြီးငါတွေးနေမိတယ်။

သူစိတ်မပျော်ရင် ငါမနေ့ကသူ့ကိုနှောင့်ယှက်တာမဟုတ်ပါဘူးဆိုပြီးရှင်းပြလိုက်ရမလား။

ပြီးတော့ သူကရွှီရှင်းကျယ်ကိုကြိုက်တာမဟုတ်ဘူး။ အခုပိုဒေါသထွက်နေမလား....

ကံကောင်းတယ်။ သူငါ့ကိုပေးပြန်လာလို့

ရွှီရှင်းကျယ်ဖုန်းဆက်​နေတုန်း ငါဆေးရုံဆင်းဖို့အကြောင်းပြချက်ဘယ်လိုပေးရမလဲတွေးနေမိတယ်။ သူဖုန်းပြောပြီးငါ့ဖက်ပြန်လှည့်လာတယ်
"ချီရှုအတွင်းရေးမှူးကပြောတယ် နောက်နာရီဝက်နေရင်လာခေါ်မယ်တဲ့''

အဲ့ဒါပြီးတော့ သူဘာသူပြောနေတယ်
"ထူးဆန်းတယ် ချီရှုအတွင်းရေးမှူးကငါ့ဖုန်းနံပါတ်ဘယ်လိုသိလဲမသိဘူး''

သူတို့ဘာလို့ငါ့ဆီတိုက်ရိုက်မခေါ်လဲဆိုတာငါအံ့သြနေမိတယ်။

"မင်းမပြန်ချင်ရင် ဆေးရုံမှာဆက်နေရင်နေ မနေရင်အဆောင်ပြန်နေလေ။ မင်းမကြောက်နဲ့။ငါရှိတယ်''

"ငါ...''

ရွှီရှင်းကျယ်ခဏလောက်ချောင်းဆိုးနေ​ပြီးမှသက်ပြင်းကြီးချလာတယ်။ ပြီးတော့ငါ့ဗိုက်ကိုစိုက်ကြည့်ပြီး
"ငါမေ့သွားတယ် မင်းမှာ...''

တကယ်တော့ ငါ့ဗိုက်ထဲကကောင်ငယ်လေးကိုရှိတယ်လို့တောင်မခံစားမိရသေးဘူး။ ကိုယ်ဝန်ကလည်းလနုသေးတော့ ယောကျာ်းလေးလား မိန်းကလေးလားလည်းမသိရသေးဘူးလေ။

ငါကတော့ချစ်စရာကောင်းတဲ့betaကလေးမလေးဖြစ်စေချင်တယ်။

ချီရှုနဲ့အကျင့်သိပ်မတူတဲ့ကလေးလေးပေါ့။

အင်း သူကငါနဲ့တူရင်လည်းမကောင်းပါဘူး။ ငါ့မှာကိုယ်ပိုင်ဆုံးဖြတ်ချက်လည်းမရှိသလို လူတွေနဲ့လည်းမပေါင်းသင်းတတ်ဘူးလေ။

Before My Withering[complete]Where stories live. Discover now