၄၄(final ep)

19.8K 1.4K 105
                                    

 Viennaကိုမနက်ဖြန်လေယာဥ်နဲ့သွားမှာ။ ဒီည ငါအခန်းထဲမှာပစ္စည်းတွေထုတ်ပိုးရင်းအလုပ်ရှုပ်နေတယ်။ ခရီးဆောင်အိတ်ကတစ်အိတ်၊ဟိုပစ္စည်းဒီပစ္စည်းတွေကိုလည်းယူဦးမှာ။

 ကျိုးချန်က ဟိုမှာ(Vienna)နှစ်ယောက်နေလို့ရတဲ့တိုက်ခန်းလေးဝယ်ထားတယ်။ အခန်းကသိပ်မကျယ်ပေမယ့် Danube မြစ်(Viennaမြို့ကမြစ်)ရဲ့ရှုခင်းကိုပြတင်းတံခါးကတဆင့်မြင်နေရမှာ။

ငါအိမ်အကြီးကြီးမှာနေရတာမကြိုက်ဘူးလို့ပြောတော့ သူကသူ့လိုဘောစိနဲ့လက်ထပ်ထားတာတောင်ဒီလိုစည်းစိမ်မျိုးကိုမခံစားတတ်ဘူးလို့စနောက်တယ်။

 ငါကပြောလိုက်တယ်။ ကိုယ့်ဘာသာကိုယ်စည်းစိမ်နဲ့နေပေါ့။ ကျွန်တော်စောင်ထဲဝင်မလာနဲ့ဆိုပြီးပြန်ပက်လိုက်တယ်။

 သူကငါ့ကိုအတင်းပွေ့ချီပြီးမွေ့ရာပေါ်ချလိုက်တယ်။ ပြီးတော့ပြောသေးတယ်။ ပိစိလေးတွေကကြာလေစွာလေပဲတဲ့။

 ငါလည်းသူ့ရှပ်အင်္ကျီကိုမထိတထိခြေဖျားနဲ့တို့ကာ
"ကျွန်တော့်ကစွာနေပေမယ့် ကျွန်တော့်အသားတွေခါးတွေက အရမ်းပျော့ပျောင်းတာ စမ်းကြည့်ချင်လား''

သူ့မျက်ဝန်းတွေကနက်ရှိုင်းနေကာ ငါ့ခါးကိုရစ်သိုင်းလာပြီး နည်းနည်းလောက်ရိုးရိုးသားသားလေးနေဖို့သတိပေးလာတယ်။

ညတာကအရှည်ကြီးကို ဘာလို့ရိုးသားနေမလဲ။

ငါဒူးထောက်လိုက်ပြီးသူ့လည်တိုင်ကိုချိတ်လိုက်တယ်။ သူ့မေးဖျားလေးကိုမထိတထိကိုက်ရင်းသူ့ကိုစလိုက်တယ်
"ဆရာက မလုပ်နိုင်ဘူးလား''

    ...

ဆရာကကောင်းတယ်။

 ငါတို့လုပ်​နေရင်း ငါသူ့လက်ကိုဆုပ်ကိုင်ရင်းမေးလိုက်တယ်။
"ကျိုးချန် ခင်ဗျား ကလေးလိုချင်လားဟင်''

သူ့မျက်ဝန်းတို့မှိုင်းပျသွား၏။

"ကျွန်တော်ဆရာဝန်နဲ့...တိုင်ပင်ကြည့်သေးတယ်။... ကျွန်တော့်သားအိမ်ကအဆင်ပြေသေးတယ်တဲ့။ ​ကလေးရနိုင်ချေကအရမ်းနည်းပေမယ့်.... ''

အိပ်ရာပေါ်ကကိစ္စလုပ်နေရင်းဒီလိုမေးရတာကိုတောင်ငါရှက်ရကောင်းမှန်းမသိတော့ဘူး။ သူ့မျက်နှာကတော့နီသွားတယ်။

Before My Withering[complete]Where stories live. Discover now