၁၆

10.6K 1.3K 27
                                    

ငါဆည်းဆာလမ်းကိုရောက်ပြီးဒုတိယမြောက်တဲ့နေ့မှာ ငါအိမ်မက်ဆိုးမက်တယ်။ ငါနိုးလာတော့ လမင်းကြီးကထိန်ထိန်သာလို့။ အိပ်ရာခင်းတွေလည်းငါ့ချွေးတွေကြောင့်စိုရွှဲကုန်ပြီ။

ငါ့အိမ်မက်ထဲမှာငါကမြေအောက်ခန်းထဲရောက်နေတာ။ သွေးတွေကငါ့ခန္ဓာကိုယ်ထဲကနေ တဟုန်ထိုးထွက်လာကြတယ်။ အမှောင်ထဲကဖြစ်ရပ်ကိုပြန်မက်နေတာပဲ။

အိမ်မက်ထဲမှာ ဘယ်သူမှငါ့ကိုလာမကယ်ခဲ့ဘူး။

အခန်းမီးတွေလင်းနေအောင်ဖွင့်လိုက်တာတောင်မှ ငါအကြောက်မပြေသေးဘူး။ ငါ့အခန်းနဲ့ကျိုးချန်ရဲ့အခန်းကလျှောက်လမ်းပဲခြားတာ။ ငါအိမ်မက်ဆိုးမက်ရင်သူ့ကိုလာပြောလို့ပြောထားတယ်။

ဒါကြောင့် ငါသူ့အခန်းတံခါးကိုသွားခေါက်မိလိုက်တယ်။

သူအခန်းတံခါးကိုချက်ချင်းပဲလာဖွင့်ပေးတယ်။ သူညအိပ်ဝတ်စုံမှိုင်းပြာဝတ်နဲ့ထလာပြီး မျက်မှန်တပ်လိုက်တယ်။ ပြီးတော့ ငါ့ကိုဘာတစ်ခွန်းမှမမေးဘဲနွားနို့ပူပူလေးတစ်ခွက်ယူလာပေးတယ်။

မနက်ခင်းနေတောင်မထွက်သေးတာကြောင့်ငါအိပ်ငိုက်လာပြန်တယ်။ ငါအိပ်ငိုက်လာတာနဲ့ အမှောင်ထုကြီးကငါ့စိတ်ထဲပြန်ပေါ်လာတယ်။ ဒါပေမယ့်လည်း ကျိုးချန်ကထပ်ခါထပ်ခါပြောနေခဲ့တယ်။ ''မင်းကိုကိုယ်ကယ်ပေးမှာ''

သူကတကယ့်ကို စိတ်ရောဂါအထူးကုပဲ။
 
သုံးရက်မြောက်တဲ့နေ့ ငါအိပ်တဲ့အချိန်မမှန်သေးပေမယ့်လည်း အိမ်မက်ဆိုးတော့မမက်တော့ဘူး။

လေးရက်မြောက်နေ့ ငါမတွေ့ရတာအရမ်းကြာပြီဖြစ်တဲ့သူငယ်ချင်းလေးနဲ့ပြန်တွေ့တယ်။

ရွှီရှင်းကျယ်ဝင်လာတော့ သူ့မျက်လုံးတွေနီနေတယ်။ သက်ပြင်းတွေတချချနဲ့သူ့ပုံစံကိုငါအခုမှမြင်ဖူးတာပဲ။

ငါ့ကျန်းမာရေးကိုဂရုမစိုက်လို့ သူငါ့ကိုဆူသေးတယ်။ ပြီးတော့ ကျိုးချန်ကိုသူ့ကိုသတင်းမပေးလို့ပွစိပွစိပြောနေပြန်တယ်။

အဲ့ဒါလည်းပြီးရော ချီရှုမကောင်းကြောင်းကိုနာရီဝက်လောက်ထိုင်ပြောနေပြန်တယ်။

Before My Withering[complete]Where stories live. Discover now