10.6K 1.3K 1
                                    

နောက်တစ်ရက် ချီရှုအိမ်မှာမရှိလောက်မယ့်အချိန်ကိုရွေးပြီးငါအိမ်ပြန်လာခဲ့တယ်။ ငါ့ရဲ့celloနဲ့အဝတ်​သေတ္တာကိုပြန်လာယူဖို့အတွက်ပေါ့။

ပြီးတော့ ငါကျောင်းကိုပြန်လာလိုက်ပြီး ချီရှုနဲ့တစ်ပတ်လောက်မတွေ့မိအောင်ပုန်းနေလိုက်တယ်။

၇ရက်မြောက်နေ့မှာ ဒါဟာငါ့ကိုယ်ငါညှင်းပန်းနှိပ်စက်နေသလိုပဲဆိုတာသိလိုက်တယ်။

ငါတို့ကျန်းမာရေးပညာပေးအတန်းမှာနားထောင်ဖူးတာက omegaတစ်ယောက်က ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ သူ့ရဲ့ပါတနာalphaကိုမှီခိုရတာလေ။

ငါ့လိုကျန်းမာရေးမကောင်းတဲ့လူတွေဆိုပိုမှီခိုရသေးတာ။ သူတို့ပါတနာalphaရဲ့နှစ်သိမ့်မှုတွေကိုလိုအပ်တာပေါ့။

ငါ ချီရှုရဲ့pheromoneတွေ၊ပွေ့ဖက်မှုတွေ၊ သူ့ရဲ့အနမ်းတွေနဲ့သူငါ့ကိုပေးတဲ့သာယာနာကျင်စေမှုတွေကိုအခုအချိန်လောက် တစ်ခါမှမတောင့်တဖူးဘူး။

ငါအခုဆို အရမ်းထိခိုက်လွယ်နေပြီ။ ငါတခြားalphaတွေနဲ့နီးနီးကပ်ကပ်နေမိတာနဲ့ တစ်နေကုန်ခေါင်းကိုက်ပြီးပျို့ချင်အန်ချင်နေရော။

ရွှီရှင်းကျယ်ကငါတစ်ခုခုဖြစ်နေတာသတိပြုမိသွားပြီ ငါ့ကိုဆေးရုံဆွဲခေါ်ဖို့လုပ်နေတာနဲ့ ငါသူ့ကိုငါ့ကိုယ်ဝန်အကြောင်းပြောပြလိုက်ရတယ်။

သူအရမ်းဒေါသထွက်သွားတယ်။ သူအဲ့လောက်စိတ်တိုနေတာငါပထမဆုံးတွေ့ဖူးတာပဲ။ တောက်တခတ်ခတ်နဲ့အကျယ်ကြီးအော်ထည့်လိုက်တာ ငါတောင်ခေါင်းကိုက်သွားရတယ်။

"ငါ့အထင်မင်းကအရမ်းပျော်နေလို့အခုလိုအမှားမျိုးကျူးလွန်မိတယ်ထင်တယ်''
သူအရမ်းဒေါသထွက်ပြီးငါ့ကိုလက်ညှိုးထိုးရင်းပြောပြန်တယ်။
"ချီမိသားစုရဲ့အဆက်အသွယ်တွေဘယ်လောက်ရှိတယ်ထင်လဲ။ သူတို့ကbetaတစ်ယောက်ကိုချီရှုရဲ့ကလေးပေးမွေးမယ်လို့ မင်းထင်နေလား''

"ဒါကြောင့် မင်းဘယ်သူ့ကိုမှပြောလို့မဖြစ်ဘူး''
ငါရွှီရှင်းကျယ်ကိုမကြောက်ပါဘူး။ သူစိတ်ပျော့တာငါသိတယ်လေ။
"နော် အားရှင်း''

Before My Withering[complete]Where stories live. Discover now