၂၃

9.8K 1.2K 48
                                    

ငါတို့ချီရှုအိမ်ပြန်ရောက်တာနဲ့ငါဖျားပါလေရော။ တစ်ညလုံးလေတိုးခံထားရလို့ဖြစ်မယ်။

ငါ့ခန္ဓာကိုယ်ကိုကျိုးချန်ကအသေအချာဂရုစိုက်ပေးခဲ့တာကြောင့် မကျန်းမမာခန္ဓာကိုယ်ဖြစ်မှန်းကိုယ့်ဘာသာ မေ့နေခဲ့တာ။

သူသာငါအအေးမိမှန်းသိရင်ဆူမှာ။ တော်သေးတယ် ကျိုးချန်မသိလို့။

ငါကျိုးချန်အကြောင်းတွေးမိတော့ ငါ့အရှေ့မှာအရိပ်ကလေးတစ်ခုကိုမှုန်ဝါးဝါးတွေ့မိတယ်။ သတိလက်လွတ်ပဲ ငါဆရာလို့ခေါ်လိုက်မိတယ်။

ဒါသူ့ကိုအိမ်ဖော်တွေနဲ့မာလီတွေခေါ်နေကျလေ။ အဲ့တော့ငါလည်းသူတို့ခေါ်တဲ့အတိုင်းပဲခေါ်လိုက်တယ်။
     
ငါသူ့ကိုအိမ်ဖော်တွေခေါ်တဲ့အတိုင်းခေါ်မိတဲ့ ပထမတစ်ခေါက်မှာသူပျားရည်ဖျော်နေတဲ့ဇွန်းလွတ်ကျသွားတယ်။ ဒုတိယတစ်ခေါက်မှာပန်းပွင့်လှလှလေးကိုကပ်ကြေးနဲ့ညှပ်မိသွားတယ်။ တတိယတစ်ခေါက်မှာ သူချောင်းတောင်ဆိုးသွားရတယ်။ဒါပေမယ့်လည်း သူဘာမှမဖြစ်သလို အင်းပဲထူးလာတယ်။

ငါသူ့ကိုအဲ့လိုအခေါ်ခံရတာမကြိုက်ဘူးလားလို့မေးလိုက်တော့ မင်းအဆင်ပြေရင်ရပါတယ် ကြိုက်သလိုခေါ်တဲ့။

ငါ့ရှေ့ကလူရဲ့နောက်ကျောကတောင့်တင်းနေတယ်။ သူငါ့ဘက်ကိုလှည့်လာပြီးငါ့ပုခုံးကိုအားနဲ့ဆုပ်ကိုင်လာတယ်။
"သေချာကြည့်စမ်း ငါဘယ်သူလဲဆိုတာ''

ငါခေါင်းတွေတစစ်စစ်နဲ့ထိုးကိုက်နေတာကြောင့်ဘယ်သူမှန်းသဲသဲကွဲကွဲမမြင်ရဘူး။ ခဏကြာမှချီရှုမျက်နှာကိုမြင်လာရတယ်။

အို...ဒါချီရှုကိုး

"စီနီယာ''
ငါငိုလိုက်မိပြီး ကိုယ်လေးကိုကွေးရင်းစောင်ထဲပုန်းလိုက်တယ်။

ငါ့ကိုယ်ပူချိန်ကပူခြစ်နေတာကြောင့်ငါမူးဝေပြီးအားနည်းနေတယ်။ အခု သူလည်းငါနဲ့မအိပ်ချင်လောက်ပါဘူး။

ဒါပေမယ့် ငါချီရှုကိုအထင်သေးမိတာပဲ။ သူအမှန်တကယ်ပဲ ငါ့အင်္ကျီတွေကိုဆွဲချွတ်လာခဲ့တယ်။

"မင်းဘာလုပ်နေတာလဲ ချီရှု မင်း...''
ငါအတတ်နိုင်ဆုံးရုန်းသေးတယ်။ဒါပေမယ့် ငါ့ကိုယ်ကိုသံမှိုနဲ့အရိုက်ခံထားရသလိုမြဲမြံနေတယ်။

Before My Withering[complete]Where stories live. Discover now