၁၇

10.3K 1.4K 39
                                    

ဧည့်ခန်းထဲမှာအရမ်းတိတ်ဆိတ်နေလို့ ငါကိုယ့်အသက်ရှူသံတောင်ကိုယ်ပြန်ကြားနေရတယ်။

ကျိုးချန်ကသူအိတ်ကပ်ထဲကနေ ဆေးပုလင်းအသေးလေးထုတ်ပြီး ငါ့ကိုဆေးတစ်လုံးထုတ်တိုက်လာတယ်။ ငါသက်တောင့်သက်သာဖြစ်တဲ့အထိဆေးကိုဝါးစားနေမိတယ်။

"ချီရှုက ကျွန်တော့်ကိုရှာနေတာလား''
ငါကခေါင်းအုံးကိုကိုင်ပြီးမေးလိုက်တယ်။

ကျိုးချန်က အားပေးလိုက်တယ်။
"ဒီမှာအန္တရာယ်မရှိပါဘူး မကြောက်နဲ့နော်''

ငါမကြောက်ဘဲမနေနိုင်ဘူး။

ဒီနေ့အထိ ငါရခဲ့တဲ့အမာရွတ်တွေကငါအတိတ်ကဘာတွေဖြစ်ခဲ့လဲဆိုတာငါ့ကိုသတိပေးနေတယ်။   

ငါဗိုက်လေးကိုပိုက်ပြီးကာကွယ်ခဲ့ပေမယ့်လည်း ချီရှုရဲ့ကလေးကချီရှုကြောင့်ပျက်ကျခဲ့တယ်။ အဲ့အချိန်တွေကိုပါငါပြန်သတိရသွားတယ်။

ငါ့မျက်ခုံးထောင့် ဂျိုစောင်းနားကဒဏ်ရာတွေဆီကချုပ်ရိုးတွေလည်း ဟိုတစ်​နေ့ကဖယ်ပြီးပြီ။ ငါမနက်ရောက်လို့မှန်ထဲကြည့်မိတိုင်း ဂျိုစောင်းကရုပ်ဆိုးတဲ့အမာရွတ်ပဲငါမြင်မိတယ်။

ချီရှုသာငါ့ကိုတွေ့ရင် သူငါ့ကိုကြိုက်တော့မှာမဟုတ်ဘူး။

သူဝမ်းယန်နဲ့ဝမ်းဇီချင်းကိုလွှတ်ပေးပြီး ငါ့ကိုဒုက္ခပေးခဲ့တာ။

ငါတစ်ခုခုကိုသတိရသွားမိလို့ ကျိုးချန်ကိုမေးလိုက်တယ်
"ကျွန်​တော် ခင်ဗျားကိုဒုက္ခပေးသလိုဖြစ်....''

"ကိုယ်ပြောသလိုပဲ မင်းဒီအကြောင်းတွေစဥ်းစားမနေနဲ့။''
ကျိုးချန်ကတကယ်ကြီးဂရုမစိုက်တာ။
"သူသာတခြားနည်းလမ်းရှိရင်(ကျိုးချန် ရှောင်ယွီကိုဖွက်ထားတဲ့နေရာကိုသာသိရင်) ကိုယ့်ဆီဖုန်းဆက်မှာတောင်မဟုတ်ဘူးလေ''

ငါလည်းအဲ့လိုမျှော်လင့်ရတာပဲ။

ကျိုးချန်နောက်လေးငါးရက်လောက်အပြင်မထွက်တော့ဘူး။ ငါဖြစ်တာလည်းခြေပွတ်တိုင်လည်သွားရုံလောက်ပဲ။ အိမ်မှာအိမ်အကူတွေရှိနေပေမယ့် သူငါ့ကိုကိုယ်တိုင်လာလာကြည့်ပေးပါတယ်။

Before My Withering[complete]Where stories live. Discover now