My Master-5 (Z+U)

902 74 2
                                    

(Unicode)

မနေ့ကJonginဖွင့်ဟဝန်ခံသွားမှုကြောင့် ကျနော်စိတ်တွေထွေပြားနေသည်။မနက်သခင်လေးအတွက်ကော်ဖီဖျော်ပြီးစားပွဲပေါ်အသင့်ချဖို့လုပ်တော့ ဘေးကLuhanက

"Baekhyun သကြားထည့်ဖို့မေ့နေတယ်"

"ဟမ် ငါသကြားမထည့်မိဘူးလား"

"စိတ်တွေဘယ်ရောက်နေတာလဲ ဒီတခါနဲ့ဆိုသကြားထည့်ဖို့မေ့နေတာ သုံးခါရှိနေပြီ"

ဒီနှစ်လအတွင်း ကျနော်တော်တော်မေ့တတ်လာသည်။အသက်ကဖြင့်ငယ်ငယ်လေးရှိသေးတာကို။

ဒီနေ့သကြားထည့်ဖို့မေ့တာကတော့ မနေ့ကကိစ္စကြောင့်ဟုသာမှတ်ယူလိုက်သည်။

မနက်စာစားပြီး သခင်လေးတို့ကုမ္ပဏီသွားကြတော့
ကျနော်လည်းလုပ်စရာရှိတာလုပ်နေလိုက်သည်။

အလုပ်လုပ်ပြီး အိမ်အတွက်ဝယ်စရာတွေရှိနေတာကြောင့် KyungSoo Hyung နဲ့ကုန်တိုက်သွားလိုက်သည်။KyungSoo Hyungမျက်နှာမကောင်းတာကြောင့်

"Hyungနေမကောင်းဘူးလား "

"မဟုတ်ပါဘူး Baekhyunရယ် ကောင်းပါတယ်"

ကျနော်ပြုံးပဲပြုံးပြလိုက်ကာ ဝယ်စရာတွေဆက်ဝယ်နေလိုက်သည်။ခါတိုင်းလို KyungSoo Hyungရယ်ရယ်မောမောမရှိဘဲ
မရွှင်မလန်းဖြစ်ပြီး စကားနည်းနေတာကိုကျနော်သတိထားမိသည်။

ပြန်လာတော့ ကျနော်သခင်လေးအဝတ်တွေလျှော်ဖို့ပြင်လိုက်သည်။ အဝတ်တွေမလျှော်ခင်
သခင်လေးရဲ့ချွေးနံ့နဲ့ကိုယ်သင်းနံ့ရောနေတဲ့ အနံ့လေးကိုတဝကြီးရှူပစ်ရတာအမော။
ပုံမှန်ဆို အဝတ်လျှော်စက်နဲ့လျှော်ပေးလို့ရပေမယ့် ကျနော်ကတော့လက်နဲ့တထည်ချင်းသေချာလျှော်ဖွတ်ပေး‌ချင်သည်။

ညပိုင်း ကျနော့်အခန်းထဲ
ပန်းချီဆွဲနေတုန်း သခင်လေးကကော်ဖီဖျော်ခိုင်းတယ်ပြောတာကြောင့်
ကော်ဖီဖျော်ပေးပြီး သခင်လေးအခန်းထဲသွားပို့လိုက်သည်။
သခင်လေးကကော်ဖီသိပ်ကြိုက်သည်။
သကြားနှစ်ဇွန်းထည့်ဖျော်သော ကော်ဖီကို တနေ့နှစ်ခွက်လောက်တော့ပုံမှန်သောက်သည်။‌
သခင်လေးအခန်းထဲ ကော်ဖီသွားပို့တော့ သခင်လေးကစာရွက်စာတမ်းတွေနဲ့အလုပ်ရှုပ်နေပြီး
အလုပ်ကိစ္စဖုန်းပြောနေလေသည်။

My Master (Completed) (Z+U)Where stories live. Discover now