My Master-22 (Z+U)

725 52 6
                                    

(Unicode)

စနေ၊ တနင်္ဂနွေရက်များဆိုလျှင် Luhanရဲ့ စန္ဒယားသင်တန်းရော၊ ကျနော့်ပန်းချီသင်တန်းရော ပိတ်သည်မလို့ ကျနော်တို့န‌ှစ်ယောက်လုံး မနက်ပိုင်းအားနေတတ်သည်။
အားနေတယ်ဆိုပေမယ့် အနားမနေရပါ၊ တပတ်လုံးဝတ်ထားသမျှ လျှော်ဖွပ်မီးပူတိုက်၊ အိမ်သန့်ရှင်းရေးလုပ် စသည်ဖြင့်အလုပ်ရှုပ်နေတတ်ကြသည်။

"အပင်တွေရေလောင်းနေတာလား Baekhyun"
အဝတ်တွေလျှော်ပြီးလို့လှန်းပြီးသွားတဲ့ Luhanက အပင်တွေရေလောင်းနေတဲ့ ကျနော့်နားကိုရောက်လာသည်။
"အင်း Luhan"

"မင်းကအရင်ကတည်းက နှင်းဆီနီတွေစိုက်ရတာကြိုက်တယ် Baekhyun"

"Luhan ငါမေးစရာရှိလို့"

"မေးလေ Baekhyun"

"ငါတယောက်ယောက်ကိုချစ်ခဲ့ဖူးလား"

"ဟမ်" Luhanကရုတ်တရက်ကြောင်သွားပြီးမှ
"ဘာလို့လဲ Baekhyun"

"နှင်းဆီနီတွေရဲ့အဓိပ္ပါယ်ကအချစ်လေ နှင်းဆီတွေရောင်စုံရှိတဲ့ထဲကမှ နှင်းဆီနီတွေကိုငါရွေးချယ်ခဲ့တာလေ"

"မဆိုင်တာပဲ Baekhyunရယ် မင်းပြောသလိုဆို ပန်းရောင်းတဲ့ဆိုင်တွေဘယ်လိုလုပ်မလဲ"

"ဟုတ်သားနော်"

"မဟုတ်တာတွေတွေးမနေနဲ့ မင်းကဒီတိုင်းနှင်းဆီနီကြိုက်လို့ ဟုတ်ပြီနော်"

"ဟုတ်ပါပြီဗျာ"

Luhanအိမ်ထဲပြန်ဝင်သွားသော ကျနော်လည်းနှင်းဆီနီတွေကို ရေဆက်လောင်းနေလိုက်သည်။
ရေလောင်းပြီး ရေပိုက်ကိုပြန်အသိမ်း ဘာရယ်မဟုတ် ကျနော့်ဘယ်ဘက်လက်ကိုကြည့်မိသည်။
ဘယ်ဘက်လက်ပေါ်မှာတော့ အစင်းကြောင်းအမာရွတ်သုံးခုက ထင်ထင်ရှားရှားတည်ရှိနေသည်။

Luhanကတော့ ထိုအမာရွတ်တွေကအက်စီးဒင့်ကြောင့် ဖြစ်တာပါဟုပြောခဲ့သည်။ သို့သော် ကားကဘယ်လိုတိုက်သွားတာမလို့ ဒီအမာရွတ်တွေဖြစ်ပေါ်လာပါလိမ့်။

ဆက်စဉ်းစားလည်းခေါင်းထဲက ဘာမှမထွက်လာတာမလို့ ရေပိုက်ကိုသိမ်းပြီးအိမ်ထဲပဲပြန်ဝင်ခဲ့လိုက်သည်။

"Baekhyun စတော်ဘယ်ရီလာသောက်ဦး ငါဖျော်ပေးထားတယ်"

Luhanကမီးဖိုခန်းထဲကလှမ်းအော်တော့စတော်ဘယ်ရီဆိုတာနဲ့ ကျနော်လည်း ဝမ်းသာအားရနဲ့ပဲ မီးဖိုခန်းထဲဝင်သွားကာ Luhanဖျော်ပေးတဲ့စတော်ဘယ်ရီဖျော်ရည်ကို တကျိုက်တည်းမော့သောက်လိုက်သည်။ ရေခဲတုံးလေးတွေကြောင့် အေးစိမ့်စိမ့်ဖြစ်နေတဲ့အပြင် နို့စိမ်းလေးနဲ့ပါဖျော်ထားလို့ စိမ့်သက်သက်အရသာပါပါနေတဲ့ စတော်ဘယ်ရီဖျော်ရည်ရဲ့အရသာက ပူစပ်စပ်ရာသီဥတုမှာ ကျနော့်ခံတွင်းမှနေ၍ ရင်တွင်းတလျှောက်အေးမြမှုတွေစီးဆင်းသွားစေသည်။

My Master (Completed) (Z+U)Where stories live. Discover now