My Master-30 (Z+U)

642 40 0
                                    

(Unicode)

ဒီနေ့လည်း တနင်္ဂနွေမလို့ အိပ်ရာအေးဆေးမှထဖြစ်သည်။ ခါတိုင်းနဲ့မတူသည်ကတော့ နွေးထွေးတဲ့ရင်ခွင်ထဲကနေ ကျနော်နိုးထလာရခြင်းဖြစ်သည်။ မျက်လုံးဖွင့်ဖွင့်ချင်းမြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ကျနော်အလိုအလျောက်ပြုံးမိသွားသည်။ Yeolရင်ခွင်သည်တကယ်ပင်နွေးထွေးလွန်းနေပြီး ကျနော့်ကိုနှစ်ခြိုက်စွာအိပ်မောကျစေခဲ့သည်။

အိပ်ပျော်နေဆဲဖြစ်သော Yeolရဲ့မေးဖျားကိုအနမ်းတစ်ပွင့်ပေးပြီးနောက် Yeolမနိုးစေရန် ကျနော်အသာအယာပင်ထလိုက်သည်။မျက်နှာသစ်သွားတိုက်ပြီး မီးဖိုချောင်ထဲမနက်စာပြင်ဆင်နေတုန်း ကျနော်ခါးကိုလက်တစ်စုံကသိုင်းဖက်လာခဲ့သည်။

"ကိုယ်မသိအောင်ထသွားတယ်ပေါ့" ဆွဲဆောင်မှုများဖြင့်စီခြယ်ထားသည့် အသံဩရှရှတစ်ခုက ကျနော်နားထဲစီးဝင်လာပြီးနောက် ကျနော်နားဖျားပေါ်သခင်လေးက သူ့နှုတ်ခမ်းဖြင့်ပွတ်ဆွဲလာသဖြင့် ကျနော်ကြက်သီးထသွားကာပခုံးတွန့်မိသွားသည်။

"Yeolအိပ်ရေးပျက်မှာစိုးလို့ပါ "

သခင်လေးကကျနော့်ပခုံး‌ေပါ်ခေါင်းလေးတင်လာကာ

"Hyun ကြောင့်မလို့ကိုယ်တစ်ညလုံးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခဲ့ပါတယ် "

"Hyunက Yeolတစ်ညလုံးHyunရင်ခုန်ပြီးအိပ်မပျော်ဘူးထင်နေတာ "

"ရင်ခုန်တာကရင်ခုန်တာလေ အိပ်ပျော်တာကအိပ်ပျော်တာပဲ  "

"မနက်ရောက်တာနဲ့ မျက်စိကိုအက်ဆစ်န့ဲပက်ခံလိုက်ရသလို မျက်စိကန်းစရာတွေလုပ်ကြပြီ ဒီအတွဲတော်တော်ဆိုး "
သခင်လေး Sehunက ညအိပ်ဝတ်စုံနက်ပြာဝတ်ပြီး Luhanနဲ့အတူမီးဖိုခန်းထဲဝင်လာကြသည်။

"မင်းတို့တစ်တီတူးတာလည်းတစ်တီတူးတာပေါ့ မနက်စာတော့နောက်မကျချင်ဘူး ငါ့ကောင်တို့ " KyungSoo Hyungကပါ ညီးညီးညူညူပြောလာတော့မှ ကျနော်နဲ့ Yeolကရီလိုက်ကာ လူချင်းခွာလိုက်ကြသည်။

မနက်စာပြင်ပြီးတော့ ထမင်းစားပွဲမှာအတူတူထိုင်ကြကာ မနက်စာကိုလူစုံတစ်စုံစားကြသည်။

"Hyun နေ့လယ်အတွက်ဘာချက်မှာလဲ "

"မပြောတတ်သေးဘူး Yeolဘာစားချင်လဲ  "

My Master (Completed) (Z+U)Where stories live. Discover now