My Master-18 (Z+U)

662 55 12
                                    

(Unicode)

ကျနော့်မွေးနေ့ပွဲညကအရှိန်ကြောင့် အိမ်တော်တခုလုံးမနက်ဘယ်သူမှစောစောမထနိုင်ကြ။
နောက်ကျမှထ နောက်ကျမှ မနက်စာစားပြီးSehunနဲ့ Jonginနဲ့က ပြန်အိပ်ရန်သူတို့အခန်းရှိရာကို ကိုယ်စီတက်သွားကြသည်။

ကျနော်ကတော့ ထပ်မအိပ်ချင်တာကြောင့် ပန်းခြံထဲကခုံမှာထိုင်ပြီးစာအုပ်ဖတ်နေသည်။ စာအုပ်ဖတ်နေရင်း ကော်ဖီသောက်ချင်တဲ့ အာသီသကရှိလာပြန်တာကြောင့်

"Baekhyun ငါ့အတွက်ကော်ဖီတခွက်သွားဖျော‌်ပေးစမ်း" ဟုရေလောင်းနေသော Baekhyunကို ကော်ဖီဖျော်ခိုင်းလိုက်သည်။

Baekhyunလာချ‌ေပးတ့ဲ ကော်ဖီခွက်လေးကိုယူလိုက်ကာ လေလေးနဲ့‌ေအးအောင်မှုတ်ပြီး သောက်လိုက်တော့ ခါးသက်ကော်ဖီအရသာက စွဲမက်ဖွယ်ကောင်းစွာနဲ့ တကိုယ်လုံးကိုနွေးထွေးသွားစေသည်။

ထွက္မသွားဘဲ ရပ်နေသော Baekhyunက ကျနော့်ကိုတခုခုမေးချင်သည့်ပုံစံဖြစ်နေတာကြောင့်

"အလုပ်ဆက်မလုပ်ဘာလုပ်နေတာလဲ ငါ့ကိုပြောစရာရှိလို့လား Baekhyun" ဟုမေးလိုက်တော့

"ဟိုလေ မနေ့ညကကျနော်နဲ့သခင်လေးနဲ့ တွေ့ကြသေးလား" ဟုပြန်‌ေမးလာသည်။

သူ့အမေးကြောင့် ကျနော်မျက်မှောင်ကျုံ့မိသွားသည်။ ဒီကောင်လေးဘာမှမမှတ်မိဘူးလား။

"တွေ့တယ်လေ မမှတ်မိဘူးလား"

"ဟီး ဟုတ်တယ် မမှတ်မိလို့ပါ သခင်လေး"

"မင်းဘဲ ဒီပန်းခြံထဲငါ့ကိုမွေးနေ့လက်ဆောင်ဆိုပြီး ဆွယ်တာအိတ်ကြီးထိုးပေးပြီး ပြန်ထွက်သွားတာပဲ"
မမှတ်မိတဲ့ကောင်လေးကို ပညာ‌ေပးချင်တာကြောင့် ဆွယ်တာအိတ်ပေးတဲ့အပိုင်းသာပြောပြလိုက်သည်။ နောက်များမှ သူ့မမူးတဲ့အချိန် ထပ်နမ်းကြရင် First kissက ကျနော့်မွေးနေ့ညကပါဟုပြောပြီး မမှတ်မိတဲ့ကောင်လေးကိုအပြစ်ပေးဦးမည်။

........................

"ကျနော်တို့ကုမ္ပဏီနဲ့စာချုပ်ချုပ်ပေးလို့ ကျေးဇူးတင်ပါတယ် CEO Lee"

Lee gpနဲ့စာချုပ်ချုပ်ပြီးတဲ့နောက်မှာ CEO Leeက ကျနော်နဲ့နေ့လယ်စာတနပ်စားချင်တယ်ပြောတာကြောင့် အနောက်တိုင်းစားသောက်ဆိုင်တခုရဲ့ VIPခန်းထဲကိုကျနော်ရောက်နေသည်။

My Master (Completed) (Z+U)Where stories live. Discover now