Extra (Christmas Special)

399 25 1
                                    

(Unicode)

အချိန်တွေဟာ စမ်းရေများစီးဆင်းသလို တဖြေးဖြေးတငြိမ့်ငြိမ့်စီးဆင်းနေပြီးနောက် ဒီဇင်ဘာလထဲကိုရောက်ရှိလို့လာလေသည်။

Yeolနဲ့ ကျွန်တော်န့ဲလက်ထပ်ပြီးနောက် ပထမဆုံးရောက်ရှိလာမယ့် Christmas ကလည်းနီးလာပြီ။

"Yeolကကျွန်တော့်ကိုများစိတ်ကုန်လာတာလားမသိတော့ပါဘူး Hyungရယ် "

Kyungsoo Hyung ကရီပြီး
"သူလား မင်းကိုစိတ်ကုန်မှာ မင်းအတွက်သူဘယ်လိုစွန့်လွှတ်နိုင်ခဲ့လဲဆိုတာ ငါတို့အကုန်အသိပဲ "

" ဟုတ်တယ် Baekhyunမင်းအရမ်းကြီးအတွေးမလွန်စမ်းပါနဲ့"Luhan ကပါနှစ်သိမ့်ပေးလာသည်။

ကျွန်တော်တို့ရဲ့သက်ဆိုင်သူပိုင်ရှင်ခင်ပွန်းတွေက ကုမ္ပဏီတွေသွားပြီမလို့ ကျွန်တော်တို့ပဲအိမ်မှာကျန်နေတာဖြစ်သည်။
Yeolက သူ့ကုမ္ပဏီကိုပြန်ဦးစီးနေပြီဖြစ်သလို Sehun နဲ့ Luhan ကလည်းလက်ထပ်ပြီးသွားကြပြီ။
ကျွန်တော်နဲ့ Luhan က တစ်နေရာထဲမှာ ပန်းချီသင်တန်းနဲ့ Piano classကိုပါဖွင့်ထားကြသည်။ ဒါ့အပြင် ကျွန်တော်က တက္ကသိုလ်တခုမှာ အချိန်ပိုင်းဆရာသဘောမျိုးအဖြစ်အတန်းပြနေသည်။

ကျွန်တော်အတိတ်မေ့နေတုန်း Jongin လုပ်ပေးခဲ့တဲ့ ပြပွဲကြောင့် ထိုအချိန်ကတည်းက ကျွန်တော့်ပန်းချီတွေကလူအများကိုဖမ်းစားနိုင်ခ့ဲသည်။ ပန်းချီဆရာနာမည်ကိုတော့ ဖော်ပြခဲ့ခြင်းမရှိခဲ့တာမလို့ လူများအကြားသို့လောသို့လောဖြစ်နေသောကြောင့် နောက်ပိုင်းမှာYeol ကကျွန်တော့်ကို လူလုံးထွက်ပြစေခဲ့သည်။Luhanသည်လည်း နာမည်ကြီး စန္ဒယားပညာရှင်တစ်ယောက်ဖြစ်လာခဲ့ပြီ။

" Hyunဘယ်လိုတော်ကြောင်း လူတွေသိချိန်တန်ပြီ"ဟုဆိုကာ ကျွန်တော့်ကိုထောက်ပံ့ပေးခဲ့တာမလို့ တက်သစ်စပန်းချီဆရာအဖြစ်ထင်ရှားလာခဲ့သည်။
အဲ့ဒီနောက်ပိုင်း တက္ကသိုလ်တခုကကျွန်တော့်ကိုဆရာအဖြစ်လုပ်ပေးရန်ကမ်းလှမ်းလာခဲ့သော်လည်း ကျွန်တော်ကကျွန်တော့သင်တန်းတဖက်ကြောင့် အချိန်ပိုင်းဆရာအဖြစ်သာဝင်လုပ်ခဲ့သည်။

Kyungsoo Hyung ကတော့ ဆေးရုံအုပ်ဖြစ်နေလေပြီ။ Jongin က Kyungsoo Hyung ရဲ့ပညာတွေကိုနှမြောတာကြောင့် KDဆိုတ့ဲနာမည်န့ဲဆေးရုံထောင်ပေးခဲ့သည်။

My Master (Completed) (Z+U)Where stories live. Discover now