My Master-29 (Z+U)

645 52 0
                                    

(Unicode)

ဒီနေ့ကစနေနေ့မလို့ ဆေးရု‌ံကိုကျနော်တို့ရောက်ခဲ့ပြန်သည်။

စစ်ထားတာတွေရလာတော့ ကျနော့်ရဲ့ခေါင်းကိုပြနေကြဖြစ်တဲ့ဆရာဝန်ကြီးနဲ့ပါပြဖြစ်သည်။

"အကုန်အဆင်ပြေပါတယ်Byun Baekhyun shi"

"တော်သေးတာပေါ့ Drရယ် "
ကျနော်ထိုသို့ဝင်ဖြေတော့ Drကကျနော်တို့နှစ်ယောက်လုံးကိုပြုံးကြည့်ကာ

"အတိတ်တွေအကုန်မှတ်မိသွားတော့ ဘယ်လိုခံစားရပါသလဲ Byun Baekhyun shi "

"အတိတ်တွေကနာကျင်စရာတွေပဲများနေပေမယ့် ကျနော်ချစ်ရတဲ့သူကိုပြန်မှတ်မိလို့ ကျနော်ပျော်ပါတယ် Dr "

ကျနော့်လက်ကိုဆုပ်ကိုင်ထားသော Baekhyunလက်တို့တင်းကြပ်သွားတာကိုပါ ခံစားလိုက်ရသည်။

Drကခေါင်းတငြိမ့်ငြိမ့်ဖြင့်
"အဓိကက Byun Baekhyun shiအဆင်ပြေဖို့ပါပဲ "

"ဒါဆိုကျနော်တို့ပြန်လိုက်ပါဦးမယ် Dr"

ဆေးရုံကပြန်လာတော့ Baekhyunလိုအပ်တဲ့ ပန်းချီပစ္စည်းတွေဝယ်ရန် ပန်းချီပစ္စည်းရောင်းတဲ့ဆိုင်ကိုရောက်ခဲ့ပြန်သည်။
ပန်းချီပစ္စည်းဆိုင်ကနေလိုအပ်တဲ့ ဆေးနဲ့စာရွက်တွေဝယ်ပြီးတော့ အိမ်ပြန်ခဲ့ကြသည်။

အိမ်ပြန်ရောက်တော့ ဝယ်ခဲ့တဲ့ပန်းချီပစ္စည်းတွေကို ကျနော်တို့အိမ်လေးထဲကပန်းချီဆွဲခန်းထဲမှာပဲထားလိုက်သည်။ ရှေ့လျှောက် Baekhyunပန်းချီဆွဲဖြစ်ရင် အရင်ကလိုပဲဒီအခန်းလေးမှာပဲဆွဲဖြစ်မှာဖြစ်သည်။

" ဒီပန်းချီ‌ခန်းလေးကအရင်ကလိုပဲ ဘာမှပြောင်းလဲမသွားဘူးနော် သခင်လေးသေချာထိန်းသိမ်းခဲ့တာပဲ"

အရင်ကလိုပဲပန်းချီကားလေးတွေစီစီရီရီရှိကာ သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းနဲ့ ဖြစ်နေဆဲအခန်းလေးကိုကြည့်ပြီးBaekhyunပြောလာတော့

"ဒီအခန်းကမင်းအငွေ့အသက်တွေအများဆုံးရှိတဲ့နေရာမလို့လေ ဒီအခန်းထဲကိုယ်ရောက်နေရင် အနားမှာမင်းရှိနေသလိုပဲ ခံစားရတယ် Baekhyun "

"အခုတော့ သခင်လေးအနားကျနော်ကိုယ်တိုင်ရှိနေပြီနော် သခင်လေး " ကျနော့်ခါးကိုဖက်ကာ ကျနော့်မျက်ဝန်းတွေကိုရွှန်းရွှန်းစားစားကြည့်ကာ အချစ်တွေနဲ့တောက်ပ‌ေနတ့ဲမျက်ဝန်းတွေနဲ့ကျနော့်ကိုကြည့်ကာပြောလာတော့

My Master (Completed) (Z+U)Where stories live. Discover now