My Master-31 (Z+U)

551 41 0
                                    

(Unicode)

"Lee Won Sungနဲ့ပတ်သက်ပြီး ထူးဆန်းတာတစ်ခုငါသိလာတယ်"
ညနေစာစားပြီးလို့ ဧည့်ခန်းထဲမှာထိုင်နေကြတဲ့အချိန် Jonginကစကားစလာခြင်းဖြစ်သည်။ လက်ထပ်ပွဲပြီးလို့ Jonginမိဘတွေရှိရာ USကို Jonginနဲ့ KyungSoo Hyungတို့ဟန်းနီးမွန်းထွက်ပြီးလို့အိမ်ပြန်ရောက်နေကြပြီ။

ဆိုဖာလက်ရန်းပေါ်သူ့လက်ကိုတင်ထားတာမလို့ လက်သူကြွယ်မှာစွပ်ထားတဲ့ လက်ထပ်လက်စွပ်ကိုထင်ရှားစွာမြင်နေရသည်။
စိန်ပွင့်လေးတွေက လက်စွပ်မှာပတ်ပတ်လည်တည်ရှိနေကာ ဧည့်ခန်းမီးရောင်အောက်မှာမလို့ တလက်လက်ထနေသလိုပင်။

ဆိုဖာလက်ရန်းပေါ်သူ့လက်ကိုတင်ထားတာမလို့ လက်သူကြွယ်မှာစွပ်ထားတဲ့ လက်ထပ်လက်စွပ်ကိုထင်ရှားစွာမြင်နေရသည်။စိန်ပွင့်လေးတွေက လက်စွပ်မှာပတ်ပတ်လည်တည်ရှိနေကာ ဧည့်ခန်းမီးရောင်အောက်မှာမလို့ တလက်လက်ထနေသလိုပင်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

(ဒီလက်စွပ်ပုံစံ‌လေးပါ)
(Photo from Pinterest)

Hyun၊Sehunနဲ့ Luhanကတော့ ဝယ်စရာတချို့ရှိတာမလို့ စတိုးတစ်ခုကိုသွားနေကြသည်။

"ဘာသတင်းလဲ Jongin"

"သူ့မှာသွေးမခဲနိုင်တဲ့ရောဂါရှိတယ်တဲ့ "

"ဒါဆိုသူကပေါက်ကွဲနိုင်တဲ့ ဗုံးတစ်လုံးလိုပဲပေါ့ " KyungSoo Hyungကဝင်ပြောလာတော့

"ဟုတ်တယ် Hyung ဒီအကြောင်းဘယ်သူမှမသိကြဘူး သူလျှို့ဝှက်ထားတာ "

"ဒါကတော်တော်အဖိုးတန်တဲ့လျှို့ဝှက်ချက်လို့ပြောလို့ရတာပဲ "

"ငါသိလာတာနောက်တစ်ခုရှိသေးတယ် လာမယ့်အပတ်စနေ P.A.R.K Hotelမှာ ကုမ္ပဏီနှစ်ပတ်လည်ညစာစားပွဲရှိတယ်"

"P.A.R.K Hotelဆိုရင် Chanyeolတို့ရဲ့ Park gpပိုင်ဟိုတယ်ပဲမလား "

"ဟုတ်တယ် Hyung ပြီးတော့ထပ်သိရသေးတာက အဲ့နေ့ညကိုသူနဲ့သူ့မယားငယ်ကအဲ့ဟိုတယ်ရဲ့ VVIP-GOLDအခန်းမှာတည်းကြမှာ သူ့မယားငယ်ကဟိုတယ်မှာဆိုရင်လွတ်လွတ်လပ်လပ်ပဲနေချင်တယ်ပြောလို့ အဲ့အခန်းရှိတဲ့တထပ်လုံးသူ့သက်တော်စောင့်တွေရှိမှာမဟုတ်ဘူး "

My Master (Completed) (Z+U)Where stories live. Discover now