My Master-7 (Z+U)

880 76 0
                                    

(Unicode)

ကျနော် ညဘက်တွေပါမနားမနေဆွယ်တာထိုးဖြစ်သည်။
နေ့ခင်းဘက်တွေဆိုလျှင် အိမ်အလုပ်လုပ်ရတာကြောင့်ရော Jonginအနား‌ေရာနေပေးရတာကြောင့် အားလပ်ချိန်သိပ်မရှိ။ Jonginကသူ့အနားမနေလျှင်ရစ်သည်လေ။
ထို့ကြောင့် ညဘက်ပန်းချီဆွဲတာတွေဘာတွေအကုန်ပစ်ထားကာ ဆွယ်တာကိုသာအားကြိုးမာန်တက်ထိုးဖြစ်သည်။

ထိုးရင်းတပတ်လောက်ကြာတော့ မျက်ရိုးတွေကမခံမရပ်နိုင်အောင်ကိုက်ကာ မျက်ရည်ပူတွေပါကျလာတာကြောင့် KyungSoo Hyungဆီအပြေးအလွှားဆေးသွားတောင်းရသည်။

"Hyung ကျနော် မျက်ရိုးတွေကိုက်ပြီး မျက်ရည်ပူတွေကျကျနေလို့"ဟုပြောတော့ KyungSoo Hyungက ကျနော့်ကိုဆူသည်။

"မင်းကို ငါဘာပြောထားလဲ နားနားနေနေထိုးပါဆို "

ဆူလည်းဆူရင်း ဆေးတွေလည်းထုတ်ပေးသည်။

"ဒီလိုမှမထိုးရင်အချိန်မမီလို့ပေါ့ Hyungရဲ့ ခုတောင်တပတ်ရှိနေပြီ နောက်ခြမ်းမပြီးချင်သေးဘူး"

"မနိုင်ဘူး မင်းကိုတော့"

KyungSoo Hyungက ဆေးကိုဘယ်လိုသောက်ရမည်ဖြစ်ကြောင်းရှင်းပြသည်။

"မနက်တလုံး ညတလုံးသောက် ဆွယ်တာလျှော့ထိုးဖို့တော့ မမှာတော့ဘူး မင်းနားမထောင်မှန်းသိလို့"

"ဟီးဟီး ကျနော်သွားတော့မယ် ဆွယ်တာထိုးဦးမလို့" ဟုပြောကာဆေးတွေကိုယူပြီး KyungSoo Hyungထပ်ပြီးပူညံပူညံမလုပ်ခင် ပြေးထွက်လာလိုက်သည်။

Jonginကတော့ ဒဏ်ရာတွေရထားတာကြောင့် အိမ်မှာသာနားဖြစ်သည်။ သူလည်းတော်တော်သက်သာလာပါပြီ။

ညနေပိုင်းရောက်တော့ Jonginကဆန်ပြုတ်မစားဘူးဟုအိမ်အကူလေးတွေကိုရစ်နေတာကြောင့် အိမ်အကူကောင်မလေးတွေ ကျနော့်ကိုလာပြောတော့ကျနော်သူ့အခန်းထဲဝင်သွားလိုက်သည်။

"ဆေးသောက်စရာတွေရှိလို့ ဆန်ပြုတ်စားရပါမယ် သခင်လေးJongin"

"Baekhyuneeကိုယ်တိုင်ခွံ့ကျွေးမှစားမယ်"

"KyungSoo Hyungကိုကျွေးခိုင်းလို့ရပါတယ်"

"မရဘူး မင်းကျွေးမှစားမယ် Baekhyunee"

My Master (Completed) (Z+U)Where stories live. Discover now