My Master-11 (Z+U)

757 74 8
                                    

(Unicode)

"ကျနော်သခင်လေးJonginနဲ့အတူ နိုင်ငံခြားကိုလိုက်ခဲ့ပါမယ်"

ကျနော့်ဆုံးဖြတ်ချက်မှန်ကန်မယ်လို့ ကျနော်ထင်ပါသည်။

ကျနော်ထိုသို့ပြောတော့ သခင်လေးJonginကဝမ်းသာစွာဖြင့်ပြုံးသွားသလို သခင်လေးSehunကအံ့ဩတကြီးဖြစ်သွားသည်။

"ဘာလဲ Baekhyun Hyungက Jongin Hyungနဲ့အတူတူလိုက်သွားမလို့လား Hyungကလည်းဘာမှမအံ့ဩတဲ့ပုံထောက်ရင် ကျနော်ပဲမသိတာပေါ့ ကျနော့်ကိုလျှိုထားတာကြပေါ့"

"ငါနောက်မှပြောပြမလို့ပါ Sehunရဲ့"
သခင်လေးSehunကို Jonginကပြန်ဖြေပြီး ကျနော့်ဆီပြန်ပြောလာသည်။

"မင်းဒီလိုဆုံးဖြတ်လိုက်တဲ့အတွက်ကိုယ်ဝမ်းသာပါတယ် Baekhyunee"

"ဟုတ်ကဲ့ ကျနော်ပြန်လိုက်ပါဦးမယ်"
ဦးတချက်ညွှတ်ရင်း ကျနော့်အိမ်လေးဆီပြန်လာလိုက်ပြီး ခုတင်ပေါ်လဲချလိုက်သည်။
နဖူးပေါ်လက်တင်ထားရင်း
"ဟုတ်တယ် ငါ့ဆုံးဖြတ်ချက်မှန်မှာပါ"

……………………

မနက်ခင်းလုပ်နေကြအလုပ်တွေထဲကတခုဖြစ်တဲ့ သခင်လေးအတွက် နက်ကတိုင်နက်ပြာလေးကိုစီးပေးနေမိသည်။

"ပျော်လား Jonginနဲ့လိုက်သွားရမယ်ဆိုတော့"

နက်ကတိုင်စီးပေးနေတဲ့ကျနော့်လက်တွေကို ခဏရပ်ပြီးမော့ကြည့်လိုက်တော့ ကျနော့်ကိုကြည့်နေတဲ့ သခင်လေးမျက်လုံးတွေနှင့်ဆုံသည်။

သခင်လေးမျက်လုံးတွေဆီကနေအကြည့်လွှဲလိုက်ပြီး စီးလက်စနက်ကတိုင်ကိုဆက်စီးပေးရင်း

"ပျော်ပါတယ် သခင်လေး သခင်လေးကရောကျနော်လိုက်သွားတော့မယ်ဆိုတော့ပျော်လား"

"ပျော်တယ် ငါ့အတွက်အနှောင့်အယှက်တစ်ခုကင်းသွားတာပေါ့"

အင်းပေါ့လေ။ သူကိုယ်တိုင်ကအရင်ကတည်းက ထွက်သွားဖို့ပြောပြနေတာမလား

"ကျနော်မရှိလည်း အစားကောင်းကောင်းစားပါ ကျန်းမာရေးလည်းဂရုစိုက်ပါ သခင်လေး"

"စိတ်မပူနဲ့ အကုန် Youngလုပ်ပေးလိမ့်မယ်"

ကျနော်အခုလုပ်ပေးနေတဲ့ နက်ကတိုင်စီးပေးတာရော၊ မနက်စာ၊ ညစာပြင်ပေးတာတွေရော၊ တခြားကိစ္စအဝဝတွေဟာ နောင်တချိန်ကြ သခင်လေးမြတ်နိုးတဲ့ Eun Youngကိုယ်တိုင်လုပ်ပေးရမယ့်ကိစ္စတွေဖြစ်လာမှာပဲ။ ကျနော်စိတ်မပူသင့်ပါဘူး။

My Master (Completed) (Z+U)Where stories live. Discover now