My Master-14 (Z+U)

721 66 0
                                    

(Unicode)

"သားကစတော်ဘယ်ရီကြိုက်တာလား"

"ဟုတ် ကျနော်ကြီးလာရင်စတော်ဘယ်ရီကိုကိုယ်တိုင်စိုက်ပြီး တနေကုန်ထိုင်စားမှာ"

"အဲ့လောက်တောင်ကြိုက်တာပေါ့"

"ဟုတ်"

ကျနော်ရေသောက်မလို့ မီးဖိုခန်းထဲဝင်ခါနီး Baekhyunနဲ့အိမ်အကူအဒေါ်ကြီးစကားပြောသံတွေကိုကြားလိုက်ရခြင်းဖြစ်သည်။ ဒီကောင်လေးဒီလောက်တောင် စတော်ဘယ်ရီကြိုက်တာလား။

မီးဖိုခန်းထဲဝင်လိုက်တော့ ကျနော့်ကိုမြင်သွားတဲ့ Baekhyunက

"သခင်လေးဘာလိုအပ်လို့ပါလဲ"

"ရေတခွက်ပေး"

Baekhyunမြန်မြန်ပင်ရေတခွက်ထည့်ပေးကာ ကျနော့်ဆီပေးလာသည်။ ကျနော်လည်းသူထည့်ပေးသော ရေခွက်ကိုတကျိုက်တည်းမော့ပြီး မီးဖိုခန်းထဲကပြန်ထွက်လာလိုက်သည်။

ဧည့်ခန်းမှာစာအုပ်ထိုင်ဖတ်နေတဲ့ Appaနားထိုင်လိုက်ပြီး ကျနော်လည်းပုံပြင်စာအုပ်တမးအုပ်ကိုဖတ်နေသည်။

"သား Chanyeolမွေးနေ့တောင်နီးလာပြီ သားဘာလိုချင်လဲ"

ကျနော်ဘာလိုချင်လဲကိုကျနော်စဉ်းစားမရ။ Appaကကျနော်လိုတာမှန်သမျှရော မလိုတာရော ဖြည့်ဆည်းပေးနေသည်မလို့ ထူးထူးထွေထွေလိုချင်တာမရှိ။

"ကျနော်စဉ်းစားလိုက်ပါဦးမယ် Appa"

Appaကခေါင်းတဆတ်ဆတ်ငြိမ့်ပြရင်း
"ဟုတ်ပြီသား"

"သခင်ကြီး ခြံထဲကမြေကွက်လပ်မှာ ဘာစိုက်ချင်ပါသလဲ"

"စတော်ဘယ်ရီ!!!" ကျွန်တော်ပါးစပ်ကလွတ်ခနဲထွက်သွားမိသည်။ ဘာကြောင့်လဲဆိုတာ ကျွန်တော်နားမလည်။ ကျနော်စတော်ဘယ်ရီကြိုက်လို့ဖြစ်မှာပါလေ။

"သားက စတော်ဘယ်ရီစိုက်‌ေစချင်တာလား"

"ဟုတ် သားမွေးနေ့လက်ဆောင်အဖြစ် စတော်ဘယ်ရီခင်းလိုချင်တယ် Appa"

Appaကပြုံးလိုက်ပြီး
"သားစိတ်တိုင်းကျ စတော်ဘယ်ရီခင်းစိုက်ပေးပါ့မယ်"

စတော်ဘယ်ရီတွေကိုစနစ်တကျစိုက်ပြီးတော့ စတော်ဘယ်ရီတွေလှပစွာသီးလာခဲ့သည်။

My Master (Completed) (Z+U)Where stories live. Discover now