My Master-20 (Z+U)

768 64 7
                                    

(Unicode)

"မင်းလက်ထပ်ပွဲမတက်နိုင်လို့ ငါအားနာလိုက်တာ Baekhyuneeကလည်းဒီနေ့သ‌ွားချင်တယ်ဆိုလို့လေ သူတယောက်ထဲလွှတ်ရမှာလည်း ငါကစိတ်မချလို့"

"ငါနားလည်ပါတယ် Jongin"

Jonginကနောက်တစ်နာရီလောက်ကြာရင် နိုင်ငံခြားပြန်ဖို့ လေဆိပ်သ‌ွားမှာဖြစ်လို့ အခုကျနော်သူ့အခန်းထဲရှိနေပြီး သူယူသွားဖို့ကျန်နေတဲ့ သူ့အထုပ်တွေကူထုပ်ပေးနေသည်။

နက်ဖြန်က ကျနော့်လက်ထပ်ပွဲနေ့။ Baekhyunက ကျနော့်လက်ထပ်ပွဲမတက်ချင်တာကြောင့် ဒီနေ့နိုင်ငံခြားသွားရခြင်းဖြစ်သည်။
အင်းလေ။ လက်ထပ်ပွဲကိုတက်ပြီး ကောင်းချီးပေးဖို့ဆိုတာ လွန်လွန်းနေတယ်မလား။

"ငါနိုင်ငံခြားရောက်မှ မင်းအတွက်လက်ဖွဲ့ပို့ပေးလိုက်မယ်"

‌"အေးပါ မင်းလည်းဂရုစိုက်ဦး "

လက်ထပ်ပွဲနီးနေပြီမလို့ ကုမ္ပဏီမသွားဖြစ်။ကျနော့်အခန်းထဲပြန်လာကာ အလုပ်တွေခဏလုပ်နေတုန်း

'So let's run away, eh, yeah, run away, eh, yeah
어디든 날 데려가
So let's run away, eh, yeah, run away, eh, yeah
I'm gone, I'm gone 벗어나~~~'

ကျနော့်ဖုန်း ringtoneကမြည်လာသည်။ ဆက်တဲ့သူက Lee Won Sung။ ကျနော့်ရင်ထဲထိတ်ခနဲဖြစ်သွားသည်။ သူသိသွားပြီလား။

စက္ကန့်အနည်းငယ်ကြာအောင် တွန့်ဆုတ်နေပြီးမှ ရင်ထဲဗလောင်ဆူစွာဖြင့် ဖုန်းကိုင်လိုက်တော့

📞ဟေ့ကောင် Park Chanyeol!!! အခုချက်ချင်းငါ့ဆီလာစမ်း မင်းဘာလုပ်ထားလဲသိတယ်မလား ခုချက်ချင်းလာခဲ့စမ်း!!!📞

ဒါပဲပြောပြီးဖုန်းချသွားတာမလို့ ကျနော်နားလည်လိုက်ပြီ။ အဲ့ဘိုးတော်သိသွားပြီပဲ။ သက်ပြင်းချလိုက်ကာ ကားသော့ယူပြီး ကျနော့်ကားနဲ့အိမ်ထဲကထွက်လာခဲ့လိုက်သည်။
Baekhyunနိုင်ငံခြားမသွားခင် နှုတ်ဆက်ချင်တဲ့အကြံတွေလည်းပျက်သွားရပြီ။
အဲ့ဘိုးတော်ဆီမရောက်ချင်တာမလို့ မြို့ထဲဟိုဟိုဒီဒီကားလျှောက်မောင်းနေပြီးမှ အဲ့ဘိုးတော်ရှိနေတဲ့နေရာကိုရောက်လာသည်။

အရင်တခါလိုပဲ ကျနော့်ကိုလက်ထိပ်ခတ်ပြီးမှ Lee Won Sungဆီခေါ်သွားသည်။ ဒီတခါတော့ ခုံမှာမထိုင်ခိုင်း။ ကျနော့်ကိုဒူးထောက်ခိုင်းသည်။ ကျနော်ဒူးမထောက်ချင်တာမလို့ ပေတေနေတော့ သူ့လူတွေကကျနော့်ခြေထောက်ကိုနောက်ကနေကန်ချကာ ဒူးထောက်ခိုင်းပြီး ပခုံးကနေဖိထားသည်။

My Master (Completed) (Z+U)Where stories live. Discover now