My Master-8 (Z+U)

809 76 0
                                    

(Unicode)

ပွင့်လာသောမျက်လုံးအစုံနဲ့အတူ ခေါင်းကပါဆစ်ခနဲကိုက်သွားရသည်။ ကျနော်မနေ့ညက တော်တော်သောက်မိခဲ့တာပဲ။

ကျနော်မနေ့ညက သခင်လေးနဲ့နမ်းခဲ့သည်ဟုအိပ်မက်မက်သည်။ ဘယ်လိုအိပ်မက်မျိုးက အဲ့လောက်ထိတောင်ချိုမြိန်ရတာလဲ။

သွားတိုက်ရင်း နှုတ်ခမ်းနား စပ်သွားတော့ ရေချိုးခန်းမှန်ထဲ ကြည့်လိုက်မိသည်။ နှုတ်ခမ်းပေါက်နေတာပဲ။ မနေ့ညက တကယ်ပဲသခင်လေးနဲ့နမ်းရင်း သခင်လေးကိုက်လိုက်တာများလား။အိပ်မက်မဟုတ်ဘဲ တကယ်နမ်းခဲ့တာထင်သည်။

လန်းသွားအောင်ရေချိုးခေါင်းလျှော်လိုက်တော့ ခေါင်းကတော်တော်လေးကြည်လင်သွားသည်။ ပြီးတာနဲ့ ကျနော်တို့အိမ်ထဲက မီးဖိုခန်းလေးထဲဝင်လာတော့ Luhanမနက်စာအတွက်ပြင်ဆင်ပြီးနေပြီ။

ကျနော်ခုံတလုံးဆွဲကာဝင်ထိုင်လိုက်တော့

"နိုးပြီလား ခေါင်းတော့မကြည်ဘူးမလား"

"ရတယ် ငါရေချိုးခေါင်းလျှော်လာတော့ ခေါင်းတော်တော်လေးကြည်နေပါပြီ"

"ရာသီဥတုကအေးနေပြီကို ခေါင်းလျှော်လာပြန်ပြီ ပြီးရင်ဖျားဦးမယ် Byun Baekhyunတို့ကတော့"
Luhanကပွစိပွစိနဲ့ပြောလာသည်။

Luhanကိုရီပြလိုက်ကာ ထမင်းစားပွဲပေါ်ချပေးထားသော Luhanချက်ပေးထားသည့် အမူးပြေဟင်းရည်လေးကိုဇွန်းဖြင့်သောက်မိတော့

"အာ့" နှုတ်ခမ်းကနာသွားတာကြောင့်အော်မိသွားသည်။

"ဘာဖြစ်လို့လဲ Baekhyun အပူလောင်လို့လား"

"မဟုတ်ဘူး နှုတ်ခမ်းမှာအနာရှိနေလို့"

Luhanကကျနော်နှုတ်ခမ်းကိုသေချာကြည့်ပေးပြီး "နှုတ်ခမ်းပေါက်နေတာပဲ Baekhyun"

"ငါမနေ့ညကငါ့အခန်းထဲဘယ်လိုပြန်ရောက်လာတာလဲ Luhan"

"မသိဘူး ငါမင်းကိုမတွေ့တာန့ဲလိုက်ရှာကြည့်တော့ မင်းအခန်းထဲမင်းအိပ်ပျော်နေတာကိုတွေ့လိုက်ရတာပဲ"

ကျနော်ကိုယ့်အခန်းကိုဘယ်လိုပြန်ရောက်လာပါလိမ့်။ သခင်လေးပို့တာတော့မဖြစ်နိုင်။ သခင်‌ေလးကိုယ်တိုင် ကျနော်တို့အိမ်ထဲမဝင်ချင်ပါဘူးဟုပြောခဲ့တာပဲ။

My Master (Completed) (Z+U)Where stories live. Discover now