My Master-27 (Z+U)

698 57 0
                                    

(Unicode)

အခု ကျနော့်ခေါင်းထဲအဖြေမရှိတဲ့ ပုစ္ဆာတွေကို အဖြေရှာရန် အဆောက်အဦးအကြီးကြီးတစ်ခုရှေ့ကိုကျနော်ရောက်နေသည်။
Lee Eun Young၏အဖေ၊ Lee gp၏ CEO Lee Won Sungထံမှ ကျနော်အက်စီးဒင့်ဖြစ်တုန်းက ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်တွေကိုသိရမလားဟူသော မျှော်လင့်ချက်နဲ့ ဒီ Lee Companyကိုကျနော်ရောက်နေသည်။ ဒီ Lee Companyရဲ့လိပ်စာကို ကျနော်စူပါမားကတ်မှအပြန်အင်တာနက်ဆိုင်မှာတုန်းကတစ်ခါထဲရှာကြည့်ခဲ့ခြင်းဖြစ်သည်။

ကုမ္ပဏီကြီးကိုတချက်မော့ကြည့်ကာ အားမွေးပြီး ကုမ္ပဏီအထဲကိုဝင်သွားလိုက်သည်။ Reception counterကိုသွားကာ

"ကျနော်တခုလောက်အကူအညီတောင်းချင်လို့ပါ "

"ဘာကူညီရမလဲရှင့်"
ကောင်တာမှကောင်မလေးက ကျနော့်ကိုရိုသေစွာပြန်မေးလာတော့

"ဒီကုမ္ပဏီရဲ့ CEO Lee Won Sungနဲ့တွေ့ချင်လို့ပါ"

"ကြိုချိန်းဆိုထားတာမျိုးရှိပါသလားရှင့်"

"အဲ့လိုတော့မရှိဘူးဗျ"

"အဲ့တာဆိုရင်တော့ တွေ့လို့မရပါဘူးရှင့်
တွေ့ချင်ရင်ကြိုပြီးချိန်းဆိုချက်ယူထားရမှာပါ ပြီးတော့ CEOကအပြင်သွားနေပါတယ်"

ကျနော်ခေါင်းစားသွားရသည်။ တွေ့ရမှဖြစ်မှာကို။ မရှိတော့လည်းနောက်တစ်ရက်ပြန်လာရုံပဲပေါ့။ စိတ်ညစ်ညစ်နဲ့ပဲ ကောင်တာကနေပြန်ထွက်လာပြီး ကုမ္ပဏီအထွက်ပေါက်ဆီကိုသွား‌ေနတုန်း တိုက်တိုက်ဆိုင်ဆိုင် CEO Leeဆိုသူကဝင်လာလေသည်။

ကျနော်လည်းသူ့နားပြေးသွားကာ

"ကျနော် ခင်ဗျားနဲ့စကားပြောချင်လို့ပါ"

"Byun Baekhyunမလား "

"ဟုတ်ပါတယ် ကျနော်မေးစရာရှိလို့ပါ"

"မင်းမေးတာတွေဖြေရလောက်အောင် CEO Leeက အဲ့လောက်မအားဘူး"

"ရတယ် အတွင်းရေးမှူးမင်"
သူ့အတွင်းရေးမှူးမင်ဆိုတဲ့တစ်ယောက်က ကျနော့်ကိုဖြတ်ပြောလာတာကြောင့် CEO Leeကသူ့အတွင်းရေးမှူးကိုလက်ကာပြလိုက်တာ အဆင်ပြေကြောင်းပြလာသည်။

"Byun Baekhyunကြည့်ရတာအရမ်းအရေးကြီးနေတဲ့ပုံပဲ ရုံးခန်းကိုလိုက်ခဲ့ပါ"

My Master (Completed) (Z+U)Where stories live. Discover now