(Unicode)
"Yeol "
"ပြောလေ Hyun "
ညနက်ကာ တိတ်ဆိတ်နေပြီမလို့ ကျနော်တို့အသံက တိတ်ဆိတ်မှုကိုဖြိုခွင်းပြီးကျယ်လောင်စွာထွက်ပေါ်လာသယောင်။
နှစ်ယောက်လုံးမအိပ်ချင်ကြသေးသည်မလို့ ပန်းခြံလေးထဲကခုံတန်းထိုင်ကာ Yeolပခုံးပေါ်ကျနော့်ေခါင်းတင်ထားလျက် နှင်းဆီနီခြုံတွေကိုငေးကြည့်နေကြသည်။"Hyunဘာလို့ပန်းချီမေဂျာယူဖြစ်ခဲ့လဲဆိုတာ Yeolသိလား "
Yeolကကျနော့်လက်ကိုသူ့လက်နဲ့ညင်သာစွာယှက်သွယ်လိုက်ကာ
"Hyunပဲငယ်ငယ်ကတည်းကပန်းချီဆရာဖြစ်ချင်ခဲ့တာမလား ကိုယ်နဲ့ပထမဆုံးစတွေ့ကတည်းကပန်းချီဆရာဖြစ်ချင်တယ်လို့ပြောခဲ့တာလေ ""ငယ်ငယ်ကပန်းချီဆရာဖြစ်ချင်ခဲ့တာမှန်ပေမယ့် ကြီးလာတော့ပန်းချီဆွဲတာကဝါသနာတစ်ခုပဲဖြစ်သွားကာ အိပ်မက်တွေဆိုတာပြောင်းလွယ်တယ်မလား Yeol"
"ဒါဆို Hyunဘာလို့ပန်းချီမေဂျာယူခဲ့တာလဲ "
"Yeolကြောင့်လေ "
"ဟမ်?? ကိုယ့်ကြောင့်?? "
"ဟုတ်တယ် Hyunတို့ကိုသခင်ကြီးကဘာမေဂျာတွေယူကြမလဲမေးတဲ့အချိန် ဘာမေဂျာယူရမလဲလမ်းပျောက်နေခဲ့တာ နောက်တော့Yeolက Hyunကိုငယ်ငယ်ကတည်းကပန်းချီဆရာဖြစ်ချင်တာမလား ပန်းချီမေဂျာယူပေါ့လို့ပြောတဲ့အချိန် တကယ်ပျော်သွားမိခဲ့တယ် ပြောရမယ်ဆိုရင် မူလတန်းပြီးကတည်းက ပန်းချီဆရာလုပ်မယ်ဆိုပြီးမပြောခဲ့ဖူးဘူးလေ ပန်းချီမေဂျာယူပေါ့လို့ပြောတဲ့အချိန် Hyunစိတ်ထဲမှာYeolက Hyunငယ်ငယ်ကတည်းကပြောတာတွေကိုမှတ်မိနေသေးတယ် သတိရသေးတယ်လို့တွေးပြီး ဟုတ်တယ်ငါပန်းချီမေဂျာယူပြီးငါချစ်ရတဲ့ဒီလူသားအတွက် ပန်းချီတွေဆွဲမယ်ဆိုပြီးပန်းချီမေဂျာယူပစ်ခဲ့တာ "
Yeolကကျနော့်လက်သူကြွယ်မှာစွပ်ထားတဲ့ လက်စွပ်လေးကိုအသာအယာပွတ်သပ်ပြီး
"ကိုယ့်ကိုအဲ့လောက်တောင်ချစ်တာလား Hyun ""ဒါပေါ့ Yeolအပေါ်ထားရှိတဲ့Hyunအချစ်တွေက သမုဒ္ဒရာ၊အာကာသနဲ့ ကောင်းကင်ထက်ပိုကျယ်ပြန့်လွန်းတယ် Yeol"
YOU ARE READING
My Master (Completed) (Z+U)
Fanfictionသူသာလျှင်ကျွန်တော့်အား အစိုးရသူ သူသာလျှင် ကျွန်တော့်ဘဝနဲ့ စိတ်ဝိဉာဏ်အား လွှမ်းမိုးချုပ်ကိုင်နိုင်သောသူ သူသာလျှင် ကျွန်တော့်အားရှင်လျက်နှင့်အကြိမ်ကြိမ်သေစေနိုင်သူ သူသာလျှင် သူ့လောင်းရိပ်အောက်ကျွန်တော့်အား မြုပ်နှံထားသူ ထိုသူသာလျှင် ကျွန်တော့်ရဲ့အရှင်...