(Unicode)
"မင်းကိုယ့်ဆီလာတုန်းက ခြေဗလာနဲ့ဆို ဟုတ်လား"
Baekhyunအတွက်ပြင်ပေးထားတဲ့ Jonginအခန်းေဘးကိုကျနော်ရောက်နေပြီး Baekhyunခြေဖဝါးပေါ်က ခဲစူးထားတဲ့ဒဏ်ရာတွေကိုဆေးထည့်ပေးနေသည်။"ဖိနပ်ပျက်သွားလို့ပါ သခင်လေး"
"ဒူးနဲ့ တံတောင်ဆစ်ကဒဏ်ရာတွေကရော "
ခြေဖဝါးကိုဆေးထည့်ပေးပြီးလို့ သူ့ကိုခုတင်ပေါ်ခြေဆင်းထိုင်စေကာ ဒူးကိုဆက်ပြီးဆေးထည့်ပေးရင်းမေးလိုက်တော့"ဖိနပ်ပျက်တော့ချော်လဲပြီး ပွန်းကုန်တာပါ"
ကျနော်ခေါင်းငုံ့ပြီးသက်ပြင်းချမိသွားသည်။ ကျနော်သက်ပြင်းချတာကိုကြားသွားပုံရတဲ့ Baekhyunက ကျနော့်ပါးနှစ်ဖက်ကိုသူ့လက်လေးနှစ်ဖက်နဲ့ကိုင်ကာ ကျနော်နဲ့မျက်လုံးချင်းဆိုင်လိုက်ပြီး
"စိတ်မကောင်းမဖြစ်ပါနဲ့ သခင်လေးရခဲ့တဲ့ဒဏ်ရာတွေနဲ့ယှဉ်ရင်မပြောပလောက်ပါဘူး"
"မင်းလည်းကိုယ့်ကြောင့် အများကြီးနာကျင်ခဲ့ရတာပဲလေ Baekhyun"
"သခင်လေးကပိုပြီးနာကျင်ရတာပါ"
ကျနော်တို့ဘာမှဆက်မပြောဘဲ တယောက်မျက်ဝန်းတယောက်ကြည့်ကာ နားလည်မှုများဖြင့်ပြည့်နှက်ေနသောမျက်ဝန်းများဖြင့်သာ စကားပြောနေကြသည်။
"ဆန်ပြုတ်ရပြီ Baekhyun ...အဲ...သခင်လေးပါရှိနေတာကိုး အချိန်ကောင်းကိုဖျက်မိသွားပြီထင်တယ်"
LuhanကBaekhyunအတွက်နေ့လယ်စာဆန်ပြုတ်လာပို့ရင်း ကျနော်တို့ကိုမြင်ကာ ပြုံးစစနှင့်ပြောလာတော့ ကျနော့်ချစ်ရသူလေးကရှက်သွားကာ ဂုတ်လေးကိုလက်နဲ့ပွတ်ရင်း
"Luhanကလည်းကွာ"
"ရတယ် Luhan ထားခဲ့လိုက် ငါခွံ့ကျွေးလိုက်မယ်"
"ဟုတ်ကဲ့ သခင်လေး"
Luhanကခုတင်ဘေးကစားပွဲပေါ် ဆန်ပြုတ်ပန်းကန်ကိုချပေးကာ အခန်းတံခါးဝဆီပြန်ရောက်တော့
"အချိန်ကောင်းလေးပြန်စလို့ရပြီနော်" ဟုရွတ်နောက်နောက်နဲ့ပြောပြီး တံခါးကိုပြန်ပိတ်ပေးသွားသည်။
"ဟာ...ဒီကောင်ကတော့ "
"Luhanပြောတာမှန်တာပဲကို"
YOU ARE READING
My Master (Completed) (Z+U)
Fanfictionသူသာလျှင်ကျွန်တော့်အား အစိုးရသူ သူသာလျှင် ကျွန်တော့်ဘဝနဲ့ စိတ်ဝိဉာဏ်အား လွှမ်းမိုးချုပ်ကိုင်နိုင်သောသူ သူသာလျှင် ကျွန်တော့်အားရှင်လျက်နှင့်အကြိမ်ကြိမ်သေစေနိုင်သူ သူသာလျှင် သူ့လောင်းရိပ်အောက်ကျွန်တော့်အား မြုပ်နှံထားသူ ထိုသူသာလျှင် ကျွန်တော့်ရဲ့အရှင်...